အပိုင်း(၇၅)

Start from the beginning
                                    

“ပုံမှန်လိုဆိုရင် လူတွေက နာကျင်တတ်တာပဲ နာကျင်ရင် အော်ကြတယ်မလား? ဒါပေမဲ့ သူက တုံ့ပြန်မှုမရှိဘူး” ကြမ်းပြင်ပေါ်မှာလဲနေတဲ့ လုရှန်ကို ကြည့်ရင်း ဂျွန်ကပြောလေသည်

ဂျွန်၏မညှာမတာကန်ချက်တွေကြောင့် တကိုယ်လုံးသွေးတွေနဲ့ ဖုံးလွှမ်းနေတဲ့ လုရှန်က တုန်ရီနေပြီး ညီးနေခဲ့လေသည် ဒါက သူအကြမ်းဖက်ခံရရင် တစ်ခုထဲသော တုံပြန့်မှုဖြစ်သည် သူက ဘယ်တော့မှ မအော်ဟစ်သလို ငိုလဲမငို ဂျွန်ကိုသာ ရပ်တန့်ဖို့ မေးလေသည်

ဒါက ဂျွန်၏ ညှဉ်းပန်းနှိပ်စက်မှုမှာ သာယာမှုကို ‌မီးစာထည့်ပေးလိုက်လေသည်

“မင်းက တကယ်ပဲ နတ်ဆိုးတစ်ကောင်လား”

ဂျွန်က မကျေနပ်သလို ရေရွတ်လေသည် ထို့နောက် ခေါင်းကို တဖက်ကိုလှည့်ပြီး မေးလေသည်

“မင်းရော ဘယ်လိုထင်လဲ ဆူဆမ်”

“……”

ဆူဆမ်က ဂျွန်ကို ဖြူဖက်ဖြူရော်မျက်နှာနှင့် ကြည့်လိုက်လေသည်

သူမ ဘာပြောရမလဲ မသိပေ သို့သော်လည်း သူမသိတာက ဂျွန်စိတ်လွတ်သွားခဲ့ပြီဆိုတာပင် ဆူဆမ်က တုန်ရီနေပြီးအသံတိုးတိုးလေးနှင့်
“ငါ...ငါ...မသိဘူး”

ဂျွန်က ဆူဆမ်စကားကိုကြားပြီး ပြုံးလေသည် ( smirk လုပ်တာပါ) အစကထဲက သူမဆီကအဖြေကိုကြားရဖို့ မမျှော်လင့်ထားသလိုပင်

ဂျွန်က သူလုပ်နေဝာာတွေကို ကြည့်ဖို့ တစ်စုံတစ်ယောက်သာလိုအပ်နေရုံသာဖြစ်လေသည် ဂျွန်စကားကို ကောင်းကောင်း follow လိုက်ပြောတတ်တဲ့ ကြောက်ရွံတတ်‌တဲ့ နှုတ်လုံသော ဆူဆမ်အတွက် ပြီးပြည့်စုံသော ဇာတ်ကောင်တစ်ခုဖြစ်လေသည်

ထိုနေ့ပြီးနောက် ဂျွန်က ဆူဆမ်ကို ထိုအိမ်သေးသေးလေးဆီသို့ ခေါ်သွားလေ့ရှိလေသည် ဆူဆမ်က ထိုနေရာကို သွားရတာကို မုန်းပေမဲ့ ဂျွန်ရဲ့ အကြမ်းဖက်တတ်တဲ့ အပြုအမူကို မြင်ပြီးနောက် သူမ ငြင်းဆန်ဖို့ရာ တအားကြောက်ရွံလေသည် သူမလုပ်နိုင်တာ အားလုံးက တုန်ရီပြီး ဂျွန် လုရှန်ကို နှိပ်စက်ဝာာကို ကြည့်နေခဲ့ရလေသည် ထိုနေ့ကလဲ အဲ့လိုနေ့မျိုးသာဖြစ်လေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now