❀ 43 ❀ ( Z + U )

Începe de la început
                                    

ညီအစ်ကိုနှစ်ဦး ထသတ်တော့မည့်ဆဲဆဲ အပေါ်မှ‌ပြေးဆင်းလာသော အမြွှာများကြောင့် Yoongi စိတ်လျော့လိုက်ရသည်....
အရှေ့သို့ရောက်ချလာသော တူနှစ်ကောင်က မိုးထိတော့မည့်အရပ်ကြီးတွေနှင့် အနက်ရောင်၀တ်စုံဆင်တူ၀တ်ထားကြသည်မှာ ခန့်ခန့်ညားညား........
ငယ်ငယ်ကထက်ပင် ပိုကြည့်ကောင်းနေသော တူတွေကြောင့် Yoongi ပင် အလိုလိုပြုံးမိသွားရသည်.....
ရင်ထဲမှလည်း ပြောနေမိသေးရဲ့.....
" Yoonji နင့်သားလေးတွေကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပီသိလား..... နှစ်ယောက်လုံးလူချောလေးတွေကြီးပဲ..... "
° ဟား ဦးငယ်ဘာလို့ ပြုံးနေတာလဲ..... Omo Omo.... °
" ရား ငါ့ဘာငါ ဘာပြုံးပြုံးပေါ့..... "
" အမလေး ငါ့အကိုကို အသဲနှလုံးမရှိတဲ့သူကြီးထင်နေတာ..... အမလေး..... အခုမှ...... "
" မင်းတိတ်တိတ်နေစမ်း..... ကဲ အားလုံးပီးရင် သွားမယ်..... "
မျက်နှာထားအား ပြန်တည်ကာ ရှေ့ဆုံးမှ ထွက်လာခဲ့သည်....













" Namjoon Hyung..... ဟိုကောင်တွေပြင်နေတာနဲ့ကြာသွားတယ်ဗျာ..... "
" ရပါတယ် Yoongi ရ..... ဒီမှာလည်း အိမ်ကအမျိုးသားက ရစ်နေတာလေ.... "
" ခင်ဗျားကြီး စကားကောင်းကောင်းပြောလို့မရဘူးလား..... "
ခပ်ပြုံးပြုံးဆိုနေသော Namjoon အား တံတောင်နှင့်တွတ်ကာ တိုးတိုးပြောနေသော SeokJin Hyung ကြောင့် Yoongi ထပ်ပီးပြုံးမိပြန်သည်.....
ဒီလိုမျိုးလေးပဲ တူလေးတွေကိုဖြစ်စေချင်ရဲ့.....













" ကဲဟေ့..... ကလေးတွေကို သက်သက်တစ်ကား စီးခိုင်းလိုက်မယ် ငါတို့လေးယောက်က တစ်ကားစီးမယ်...... "
" အေး ကောင်းသားပဲ..... ဟိုနှစ်ကောင် Tae Tae ကိုသေချာခေါ်သွားကြနော်..... "
° သိပါတယ် ဦးလေး Min ရဲ့..... °
ညီအစ်ကိုနှစ်ယောက်နှင့် သွားရမည်ဆိုသောကြောင့် Taehyung အနည်းငယ်တော့ လန့်နေမိသည်.....
Daddy Joon ကတော့ မျက်လုံးတစ်ဖက်မှိတ်ကာ ပြောင်ပြသွားလေရဲ့......
ဟား စိတ်ရှုပ်စရာ တကယ်.....













* အဟမ်း ဒီနေ့ Tae Tae Hyung ကအရမ်းလှနေသလိုပဲ..... *
" လှရမှာပေါ့ ငါ့ထက်တောင် ဒီနေ့ မင်းတို့က ပိုကြည့်ကောင်းနေသေးတယ်..... "
အနည်းငယ်ခနဲ့လိုက်သော်လည်း ညီအစ်ကိုနှစ်ယောက်မျက်နှာက ပျက်သွားခြင်းမရှိ......
Taehyung ကတော့ တွေးရင်တွေးရင်းနဲ့မှ စိတ်တိုလာရသည်.....
" ဒီလိုပုံစံကြီးတွေနဲ့ သွားရင် ကောင်မလေးတွေက ဝိုင်းကြည့်ကြမှာပေါ့...... ဟွန်း..... "
* ဟား အဲ့တာဆို Tae Tae Hyung က သ၀န်တိုနေတာပေါ့ ဟုလား...... *
" မဟုပါဘူး သ၀န်တိုတယ်လို့ ဘယ်သူပြောလဲ..... မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမ်း..... သူများကြည့်အောင် ၀တ်လာတာကို..... "
° သ၀န်တို တိုတယ်ပေါ့ ဘာလဲ...... °
" တော်တော့..... မင်းတို့.... "
လူကို မျက်နှာမထားတတ်အောင်စနေသော အမြွှာများကြောင့် Taehyung မျက်နှာပူလာရသည်.....
တကယ်ပါပဲ.....
° အဲ့တာဆို Hyung မကြိုက်ရင် ကျွန်တော်တို့ ပြန်လဲလိုက်ရမလား..... °
* ကျွန်တော်တို့ အပိုထည့်လာသေးတယ် Hyung ရဲ့ မကြိုက်ရင်လဲ၀တ်လိုက်မယ်လေ..... *
" နေပါ..... ဒီတိုင်းပဲလိုက်ခဲ့..... "
သူပြောသည့်စကားအား အတည်ယူကာ လဲဟန်ပြင်နေသော သူများကြောင့် Taehyung မနည်းတားလိုက်ရသည်......
° ဟုလို့လား Hyung မျက်နှာမှမကောင်းတာ ကျွန်တော်တို့လဲလိုက်မယ်လေ..... °
" ရပါတယ်ဆို.... ဒီ၀တ်စုံနဲ့လိုက်သားပဲဟာ...... "
* တကယ်နော် Hyung သဘောကျတာ သေချာတယ်နော်..... *
" အောဟော် တကယ်ဆို...... "
° Hyung သာသဘောကျရင်ပီးပီ..... °
" စကားကလည်းတတ်ပါ့..... "
သွားများဖီးကာ အပိုစကားဆိုပါသော အကြီးကောင်ကြောင့် Taehyung နှာခေါင်းရှုံ့ရင်း ပြုံးမိသွားသည်......
ဒီလိုစကားနားထောင်တော့လည်း ချစ်ဖို့ကောင်းသား.....









Our Baby Hyung  ♡ [ Completed ]Unde poveștirile trăiesc. Descoperă acum