အပိုင်း(၇၄)

Start from the beginning
                                    

“အမေ သူတို့က ဘယ်သူတွေလဲ”

“သူတို့က မင်းသားနဲ့မင်းသမီးတွေလား”

“မင်းသမီးက ဘာလို့နှစ်ယောက်ဖြစ်နေရတာလဲ”

“မပြောနိုင်ဘူးလား မင်းသားက ပလေးဘွိုင်းတစ်ယောက်ဆိုတာ”

“အာ ငါတော့ အဲ့‌လိုလူမျိုးကို မုန်းတယ်”
စာကလေးတွေလို့ ကျည်ကျည်ကျာကျာ အော်နေတဲ့ မောင်အမကို ကားလစ်က အံဩစရာကောင်းစွာ ရင်ဆိုင်ရလေသည်

“ဟေး kid, မင်းတို့မသိတဲ့ လူတွေအကြောင်း လက်လွတ်စပယ်မပြောရဘူး ငါက မင်းသားတစ်ယောက်ဆိုပေမဲ့ ပလေးဘွိုင်းတစ်ယောက်တော့ မဟုတ်ပါဘူး”

“ဒါဆို ဘာလို့ မင်းသမီးနှစ်ယောက်ဖြစ်နေရတာလဲ”

“အဲ့တာနဲ့ပတ်သတ်ပြီး မင်းတို့မှားသွားပြီ သူတို့က မင်းသမီးတွေမဟုတ်ကြဘူး”

“ဒါပေမဲ့ စာအုပ်တွေထဲမှာကျ မင်းသားနဲ့အတူရှိတဲ့ မမလှလှတွေက အမြဲတမ်း မင်းသမီးပဲတဲ့”

“...ဟ သူတို့တွေက ဖန်တရာတေ‌နေတဲ့ နတ်သမီးပုံပြင်တွေ အဖတ်လွန်နေကြတာပဲ ကလေးတွေ အတွေးတွေမှားလာကြပြီ”

ကားလစ်က စိတ်ပူသလိုပုံစံနှင့် ဆံပင်ကိုသပ်လိုက်ပြီး ပြောလေသည်
“လူတွေကို ကရိုက်ကတိုက် ဆုံးဖြတ်တာက တအားရိုင်းတယ် မင်းတို့ တအားသိချင်တယ်ဆိုရင် ငါမင်းတို့ကို အကုန်ပြောပြမယ်”

ကားလစ်က သူရှေ့က ကလေးတွေနဲ့ထိုင်ရင်း စေ့စေ့စပ်စပ်ရှင်းပြလေသည်
‘ငါအဖေတော့ မမျှော်လင့်ပဲ ပြိုင်ဘက်တစ်ယောက်ရလာပြန်ပြီ စကားတအားများလွန်းတဲ့လူအသစ်တစ်ယောက် ပေါ်လာပြန်ပြီ’

သူတို့မျက်လုံးပြူးနဲ့ကြည့်နေသောသူမနဲ့မတူပဲ အက်စတယ်လာက သူတို့ကို နွေးထွေးသောမျက်လုံးတွေနဲ့ သူတို့ကိုကြည့်ရင်း ပြုံးနေလေသည်

“ကလေးတွေက တအားချစ်စရာကောင်းတာပဲ ဆူဆမ်”

“ရှင်ပြောသလိုပဲ ချစ်စရာကောင်းတယ် ရှင်မြင်တဲ့အတိုင်းပဲ သူတို့က မနာခံတဲ့နွားငယ်လေးတွေလိုပဲ”
သူမစကားတွေနဲ့ဆန့်ကျင်စွာ ဆူဆမ်အကြည့်တွေက ချစ်ခြင်မေတ္တာတွေနဲ့ပြည့်နေလေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now