"သူအတွက်ငါဟာ ညီတယောက်လိုအနေအထားမှာရှိသေးတဲ့အတွက် လမ်းခွဲလိုက်ရတာကိုသူလိပ်ပြာလုံချင်လို့ဝယ်ပေးတာတဲ့"
"........"
"အဟင်း..မင်းသိလား...ငါကယောက်ျား ရည်းစားတယောက်နဲ့ကွဲတာကို လျော်ကြေးယူရလောက်အောင် ငါသိက္ခာမမဲ့ဘူး...ငါ့နားကလူတွေကပဲ ငါ့အကြောင်းသိတဲ့လူတွေကပဲ ငါ့ကိုစွန့်ပစ်ပြီး သိမ်ငယ်အောင်လုပ်ကြတာ"
ပြောရင်းမျက်ရည်ကျလာသော ဂျီမင်က တဖက်သို့မျက်နှာလွှဲကာ မျက်ရည်များသုတ်၍ ထိုင်ရာမှထကာ ရေခဲသေတ္တာနားသွားကာ ဆွဲဖွင့်လိုက်သည်။ထို့နောက် ထယ်ယောင်းအိမ်မှာရှိစဉ် သောက်နေကျဝိုင်းပုလင်းကိုယူကာ တရှိန်ထိုးမော့သောက်ချပစ်လေသည်။
"ဟာ...မင်း...ဖြည်းဖြည်းသောက်မှပေါ့"
ထယ်ယောင်းပြာပြာသလဲပြေးကာ ဝိုင်ပုလင်းကိုလုယူ၍ ပြောလိုက်သည်။
"ငါမူးချင်လို့ ထယ်ယောင်းရ"
ဂျီမင်ကပြောပြီး ဝိုင်ခွကလှမ်းယူကာ နောက်တခွက်ထပ်ငှဲ့ထည့်နေလေသည်။အခန်းထဲလဲရောက်နေပြီဆိုတော့ ထယ်ယောင်းလဲထပ်မပြောတော့ ဂျီမင်လုပ်ချင်တာလုပ်လွှတ်ထားလိုက်သည်။ထို့ကြောင့် ဂျီမင်က တခွက်ပြီးတခွက်ငှဲ့သောက်တော့သည်။
"မင်း အဆင်ပြေရဲ့လား သောက်တာတော်လိုက်တော့"
ဝိုင်ကြောင့်နီလာတာလား စိတ်ခံစားချက်ကြောင့်နီလာတာလား မသိသည့် ဂျီမင်မျက်နှာက မူန်ကုတ်ကုတ်ဖြင့် ခန့်မှန်းမရ။ထို့နောက် သူ့မျက်နှာနားနီးကပ်လာကာ သူ့စကားကိုဆက်လာလေသည်။
"ဂျွန်ကိုလေ....အနည်းဆုံး ငါ ရင်ဖွင့်နိုင်မဲ့အနီးဆုံးလူတယောက်အဖြစ်ရှိခဲ့မယ်ထင်တာ..."
ဂျီမင်ပြောရင်း အသံများတိမ်ဝင်ကာ မျက်လုံးများကနီလာပြန်လေသည်။ဘယ်ချိန်ထိ အာ့လူအတွက် ငိုကြွေးနေမှာလဲ ဂျီမင်ရာ...။
"တဖက်မှာလဲ ငါ့အပေါ်သူတာဝန်ကျေချင်စိတ်ဖြစ်ပြီး တဖက်မှာလဲ မင်းဟျောင်းကိုချစ်မိသွားတဲ့စိတ်က လွန်ဆွဲနေပုံပဲ...သူမင်းဟျောင်းတော့ တကယ်ချစ်ပုံပဲ"
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?
🍀16 (END)🍀
Start from the beginning