🍀5🍀

410 48 4
                                    

(Unicode)

"သားရယ်...ဖြစ်ပါ့မလား"

မားမေးခွန်းကို ချက်ချင်းမဖြေအား ကုတင်ပေါ်ပစ်တင်ထားသော အဝတ်ပုံထဲမှ ဂျီမင်အဝတ်အစားတစ်ချို့ကိုယူကာ လွယ်အိတ်တစ်လုံးထဲထိုးထည့်လိုက်သည်။

"ဖြစ်တယ်မား...ဘာလို့မဖြစ်ရမှာလဲ"

"ထယ်ယောင်းလေးက...အသည်းအသန်ငြင်းထားတဲ့ဟာကို"

"မား...မသွားစေချင်ဘူးလားပြော မားကမသွားနဲ့ဆိုသားမသွားတော့ဘူး"

ဂျီမင်အဝတ်ထည့်ရင်းမှ လုပ်လက်စကိုရပ်ကာ မားကိုငဲ့ကြည့်လိုက်သည်။

"အာ့လိုတော့လဲ ဘယ်ဟုတ်ပါ့မလဲ"

မားမမြင်အောင် ဂျီမင်လှစ်ခနဲပြုံးလိုက်သည်။သူသိသည်။မားက ထယ်ယောင်းကိုသူ့အဖေနဲ့တွေ့စေချင်နေမှန်း။ ဒါ​ကြောင့် ခပ်တည်တည်နှင့်မေးလိုက်ခြင်းဖြစ်သည်။

"ကြည့်စမ်း!မားကို ခိုးရီနေတယ်ပေါ့"

"အားးးးမား...နာတယ်"

သူ့အတွေးကိုလက်စမဖြတ်နိုင်ခင်မှာပဲ မားတွေ့သွားပြီး သူ့ဗိုက်ခေါက်ကိုလိမ်ဆွဲတော့သည်။မားကတကယ်တော့ ဂျီမင်ရဲ့အဒေါ်ဝမ်းကွဲတော်သူဖြစ်သည်။မာမီမရှိတဲ့နောက် မားဟာ သူ့အားသားအရင်းသဖွယ် ဆက်စောင့်ရှောက်ခဲ့သည်။မားကသူ့အား ဝမ်းနှင့်လွယ်မမွေးပေမဲ့ အမေရင်းတယောက်ကဲ့သို့ပင်ဖြစ်သည်။

"မားကို..ဘာတွေပြုံးကြည့်နေတာလဲ မှန်မှန်ပြော"

အေးချမ်းသောမားမျက်နှာကို အတွေးတွေနှင့်ငေးကြည့်နေမိသဖြင့် မားကပြုံးကလှမ်းစတော့သည်။

"ဘာမှမဟုတ်ပါဘူးဗျ...မားကို ကျန်မာရေးဂရုစိုက်လို့မှာမလို့ပါ"

"စိတ်ချပါ မားက ကျန်းမာပြီးသား"

သူရဲ့အဓိကစိုးရိမ်မူကို မားအားမှာကြားလိုက်လျှင် မားဆီမှလန်းဆန်းသောအပြုံးတခုနှင့်သွက်လက်စွာတုံ့ပြန်ပုံကြောင့် ဂျီမင်ပါလိုက်ပြုံးမိသည်။ထို့နောက် အဝတ်များကိုဆက်ထည့်ကာ လိုအပ်သည်များသေချာပြင်ဆင်၍ ကားထားရာသို့ထွက်လာခဲ့သည်။

FLASHBACKNơi câu chuyện tồn tại. Hãy khám phá bây giờ