(Unicode)
"မင်းတကယ် အာ့မှာအိပ်လို့ဖြစ်ရဲ့လား"
ဆိုဖာရှည်ပေါ်အိပ်ယာပြင်နေသော ဂျီမင်ကိုကြည့်ကာ ထယ်ယောင်းမေးလိုက်သည်။သူကတော့ နှစ်ယောက်အိပ်ကုတင်ထက်ကျကျနန...။
"ဖြစ်တယ် ငါက ညကြီး ထသွားထလာလုပ်ရင် မင်းအိပ်ပျက်လိမ့်မယ်"
ပုံမှန်ဆို ဂျီမင်အိပ်ချိန်မှန်ပေမဲ့ စဉ်းစားစရာ တွေးစရာများသည့်ညဆို တော်တော်နှင့်အိပ်မပျော်တော့ပေ။ဒီအကျင့်ကို ပြင်ယူလဲ ဘယ်သောအခါမှပြင်မရခဲ့။
"တူ...တူ"
ထိုအချိန် စားပွဲပေါ်တင်ထားသော ဂျီမင်ဖုန်းတုန်ခါကာ မီးလင်းလာခဲ့သည်။ဂျီမင်လည်း ထကာထိုဖုန်းကို ယူ၍ ကောက်ဖွင့်လိုက်သည်။
"အဟင်း...ထယ်ယောင်းရ"
"ဟင်"
ကုတင်ထက်မှ လှမ်းကြည့်နေသော ထယ်ယောင်းကိုဂျီမင်လှည့်ခေါ်သဖြင့် ထယ်ယောင်းမှာထူးရင်း ထလာသည်။
"မင်းဟျောင်းရဲ့ချစ်သူက ငါနဲ့လည်းပတ်သတ်တဲ့အကြောင်းကို ပေးမသိစေချင်ဘူးလား"
ထယ်ယောင်း ဘာပြောရမှန်းမသိ။အသိပေးရင် ကောင်းလားမကောင်းလား လာတဲ့လမ်းတလျှောက်စဉ်းစားခဲ့ပေမဲ့ အဖြေကမထွက်။
"ထားပါ ငါကသဘောပြောတာ မင်းငါ့ကို မင်းဟျောင်းနံပါတ်ပေးလိုက်ကျန်တာ ငါဆက်လုပ်မယ်"
"ဟင်"
ဟိုဘီဟျောင်းဖုန်းနံပါတ်တောင်းလာသော ဂျီမင်အားပေးဖို့ရန်လက်တွန့်နေမိသည်။သို့သော် ဂျီမင်က မထိဘူးလို့ကတိပေးထားတာပဲ။ဂျီမင်ကိုသူ ယုံသင့်သည်ထင်၏။
"အင်း ယူလေ"
ဂျီမင်ကို ဟိုဘီဟျောင်းနံပါတ်ပေးလိုက်သည်။ထို့နောက် ဂျီမင်က ဟျောင်းဖုန်းနံပါတ်ကိုရိုက်မှတ်ကာ မိနစ်အတော်ကြာဖုန်းနဲ့အလုပ်ရူပ်လျက်ရှိလေသည်။
"ကဲ...ဒါလောက်ဆို ရပြီ"
"ဘာလုပ်လိုက်တာလဲ"
ဂျီမင်ဖုန်းစခရင်ကို တချက်ကြည့်ကာပြုံးပြီးနောက် သူ့ဘက်ဖုန်းထိုးပေးလေသည်။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?