"ငိုပါ မင်းစိတ်ကြိုက်အချိန်ယူပြီးငိုပါ ဒါပေမဲ့ ငါ့ရင်ခွင်ထဲမှာပဲငိုပါ"
ငိုနေသောကောင်လေးကို ရင်ခွင်ထဲဆွဲသွင်း၍ ခေါင်းလုံးလေးထက်မျက်နှာအပ်ကာပြောလိုက်လျှင် ရင်ခွင်ထဲမှကောင်လေးက ခေါင်းသွင်သွင့်ငြိမ့်ပြလေသည်။
"ဒီတညပါပဲ ငါဒီတညပဲ မင်းရင်ခွင်ထဲငိုစေရပါမယ်"
ခေါင်းမော့ပြောလာသော ဂျီမင်မျက်နှာဖူးဖူးကိုထယ်ယောင်းငုံ့ကာနမ်းရင်း မျက်ရည်များပွတ်သုတ်ပေးလိုက်သည်။
"ချစ်တယ် ဂျီမင် ငါတကယ်သေချာနေခဲ့ပြီ"
"ကျေးဇူးတင်..ပါ..အွန့်"
ကျေးဇူးတင်စကားဆိုနေသော ကောင်လေးနူတ်ခမ်းကို ဆက်မပြောမိစေရန် ထယ်ယောင်းပိတ်နမ်းလိုက်သည်။ခေတ္တငြိမ်သက်သွားသော ဂျီမင်က သူ့အနမ်းစတင်ပြီးသိပ်မကြာခင်မှာပင် လက်နှဖက်ကို သူ့လည်ပင်းတွင်ယှက်သိုင်း၍ ပြန်လည်တုံ့ပြန်လာလေသည်။
ဂျီမင် ငိုနေပြန်ပါပြီ။ဂျီမင်မျက်ရည်က နမ်းရိူက်နေသော ထယ်ယောင်းပါးပြင်ထက်ကူးလူးကာ စိုစွတ်လာသည်။ငိုချင်သလောက်ငိုဖို့ ခွင့်ပြုထားပေမဲ့ ဖြစ်နိုင်ရင်မငိုစေချင်ပါ။သူစိမ်းတယောက်ကြောင့် နာကျင်နေသည်ကိုမြင်ရတာ သူလဲနာကျင်ခံစားရသည်။
"ဂျီမင်"
အချိန်တခုနမ်းရိူက်ပြီး လူချင်းခွာကာ ဂျီမင်မျက်နှာကိုကြည့်လိုက်သည်။သူ့နမ်းရိူက်မူကြောင့်နီရဲနေသော နူတ်ခမ်းက စိုစွတ်ပြောင်လဲ့နေသည်။အားမရ ပိုလိုချင်သည်။ ထို့ကြောင့် ဂျီမင်၏ခါးသေးသေးလေးကနေ လက်နှစ်ဖက်နှင့်ပင့်မ၍ တင်လုံးလုံးလေးနှစ်ဖက်ကို ဖေးမကာချီလိုက်သည်။ထိုအခါ ဂျီမင်က သူ့လည်ပင်းကိုဖက်လျက် ခါးထက်ခွတက်လာသည်။
"ထယ်ယောင်းရ"
"အင်း"
ချိုအီအီအသံနှင့် ခပ်ချွဲချွဲခေါ်လာသော ဂျီမင်အသံက သူ့အသွေးအသားများကို ပူတက်လာစေသည်။သူ့မျက်နှာကို ပြန်ငုံမိုးကြည့်နေပုံက မျက်နှာကခပ်ရဲရဲ။ငိုထားတာရော အထိအတွေ့ပေါ်ရစ်မှုးလာရောကြောင့်ပါ မျက်နှာတင်မက နားရွက်ဖျားနှင့်လည်ပင်းတွေအထိပါ နီရဲတက်နေလေသည်။ထိုပုံစံအား သူဘဝင်ကျမိသည်။
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?