ပြန်လည်ဆုံစည်းခြင်း(ဇာတ်သိမ်းပိုင်း)

393 19 0
                                    

uni

တရွေ့ရွေ့သွားနေသော "တုတ်တုတ်" လေးပေါ်တွင် မျက်လုံးများမှိတ်ကာ သတိမေ့မျောနေသော သူငယ်ချင်းဖြစ်သူ၏ လက်ကလေးကိုကိုင်ထားသော မိန်းကလေးတစ်ယောက်နှင့် ထိုမိန်းကလေး၏ပခုံးလေးအားကိုင်ကာ နှစ်သိမ့်ပေးနေသော မိန်းကလေးတစ်ဦးလဲရှိသည်။

"သဲငယ်......"

"ရှင်.....မမ"

"စိတ်မပူပါနဲ့ သဲငယ်ရယ်.....စကားဝါအဆင်ပြေသွားမှာပဲ"

"မမ.....ငယ်လေ....ငယ်...ဒီနေရာလာဖို့......ငယ်တားခဲ့သင့်တာ"

"ဘာကိုတားသင့်တာလဲ.....သဲငယ်"

"တကယ်တော့ စကားဝါက....... လူဝင်စားတစ်ယောက်ပါ......"

"ဘယ်လိုငယ်"

"ဟုတ်တယ်မမ.....ငယ်နဲ့စကားဝါက မွေးကတည်းက ကိုတူတူကြီးပြင်းလာတာ.....ေမွးတဲ့ရက်ကလဲ၃ရက်ပဲကွာတယ်....ဆေးရုံမှာလဲအတူတူ.....ငယ်ဖေဖေနဲ့စကားဝါဖေဖေကလဲ အလုပ်တူတူမို့.....ငယ်တို့နှစ်အိမ်က သူ့အိမ်ကိုယ်အိမ်လိုပဲ.....ငယ်မူကြိုတက်တော့လဲ စကားဝါမေမေက ငယ်တက်တဲ့ကျောင်းမှာစကားဝါကထားတယ်....ငယ်မှတ်မိပါသေးတယ်.....မူကြိုမှာနေ့ခင့း အိပ်ကြရင် စကားဝါက *အရှင်မ....အရှင်မ*ဆိုပြီးယောင်တယ်.....အဲတာစကားဝါမေမေ​ေပြောတာတော့ အိပ်ပျော်သွားတိုင်းတဲ့....ကျောင်းဝန်းထဲက စကားဝါပန်းပင်ကြီးအောက်မှာ ရင်အုံကိုဖိလို့ ရှုက်ကြီးတငင် ငိုနေတတ်တဲ့စကားဝါ.....ပုံဆွဲတိုင်း..... ထမိန်သိမ်းနဲ့ မိန်းကလေးတစ်ယောက်ရဲ့သေချာဆွဲနိုင်တဲ့စကားဝါက.....ပုံမှန် ၆နှစ်၇နှစ်ကလေးတွေကြားမှာ...... ထူးခြားတာတော့အမှန်.....ဘယ်သူ့ကိုမှစကားမပြောဘဲခပ်တန်းတန်းအမြဲနေတတ်စကားဝါက.... တကယ်တော့တစ်ခုခုကိုနာကျင်နေတဲ့ပုံစံ....
.ငယ် ငယ်ငယ်က အဲတာတွေကဘာကြောင့်မှန်းမသိပေမယ့်....နည်းနည်းအရွယ်ရောက်မှ စကားဝါမေမေပြောပြတာ ....... စကားဝါကလူဝင်စားတဲ့...."

"ဟင်....အဲဒါနဲ့ ဒီကိုလာတာနဲ့ဘာဆိုင်လို့လဲ"

"စကားဝါမေမေပြောတာ...... သူစကားဝါကိုကိုယ်ဝန်ရှိတုန်းက.....ဒီနေရာကိုရောက်ဖူးတယ်တဲ့.....ခဏက လေးလေး​ပြာပြတဲ့ ဘုရင်မနဲ့အထိန်းတော်အကြောင်းလေ....ဧကန်န ချစ်ခွင့်မရှိခဲ့တဲ့ ချစ်ခြင်းတရားတွေကို နောင်ဘဝအထိအပါသယ်ခဲ့ပုံပဲ......"

နှလုံးသား အမိန့်တော်အတိုင်းWhere stories live. Discover now