နန်းဆောင်အတွင်းသို့ဝင်ရောက်ခြင်းသည်လန်းဆန်းမှုမရှိ ။အရာရာခြောက်ကပ်လို့နေသည်။
"အရှင်မ.......ကျွန်တော်မျိုးမတို့.... "
"အားလုံးထွက်သွားကြ "
"မှန်လှပါဘုရား"
ခွမ်း.......
အခန်းရဲ့ထောင့်ကစားပွဲပေါ်တွင်တင်ထားသော နှင်းဆီပန်းအိုးကို နံရံသို့ပစ်ပေါက်လိုက်သည်။ ပန်းထိုးပေးမယ့်သူမရှိမှတော့ ဒီပန်းအိုးဘာအသုံးဝင်တော့မလဲ။ ထို့နောက်ကြမ်းပြင်တွင်ပြန့်ကျဲနေသော နှင်းဆီပွင့်ဖတ်များကို ကြည့်ကာ အရူးတစ်ယောက်လိုဝမ်းနည်းပက်လက်ငိုမိသည်။ ပြန့်ကျဲ၍ ကြေမွနေသော အနီရောင်နှင်းဆီပွင့်ဖတ်များသည် သွေးစိမ်းရှင်ရှင်ထွက်ကာ ကြေမွနေသော သူ့နှလုံးသားနှင့်တူသည်။
သူ့လောက်မိုက်တဲ့သူ....သူ့ဘဝလောက်ဆိုးတဲ့ဒီကမ္ဘာတွင်ရှိမည်မထင်။ ဘယ်သူမှတော့ကိုယ်ချစ်ရသူကို သူ့လိုပြန်မသတ်ကြဘူး။ သူကိုယ်တိုင်သူ့နှုတ်ကနေ စီရင်ချက်ချခဲ့တာ သူ့ကလေးလေးအခုလောက်ဆို တမလွန်မှာငြိမ်းချမ်းနေပြီလား....ဒါမှမဟုတ် သူ့ကိုမုန်းတီးပြီးပူလောင်နေမလား။
ဖြန်း.....ဖြန်း.....ဖြန်း....
"ဒီနှုတ်တွေက အမိန်ချချင်အုန်း...."
ဖြန်းဖြန်း.....
ကိုယ့်ပါးကိုယ်ရိုက်ကာ နောင်တ တရားတွေနဲ့ငိုကြေးနေသူက အရှင်မသီရိကလျာဏီပါ။ သူဟာလွန်ခဲ့တဲ့ နာရီပိုင်းလောက်ကပဲ သူချစ်ရသူကို သူကိုယ်တိုင်သေမိန့်ချခဲ့တယ်။
ဤဇာတ်လမ်းတွင် ဇာတ်ဆရာတောင်မသိခဲ့သော လျှိုဝှက်ချက်တစ်ခုရှိသည်။ ထိုလျှိုဝှက်ချက်ကို ချစ်ရသူအား နောက်ဆုံးထွက်သက်ထိ ချစ်ခင်မြတ်နိုးခဲ့သော မိန်းမပျိုလေးတမလွန်ကသိပါစေ။
တချိန်က.........
သူ့မနန်းဆောင်ထဲ ခေါင်းလေးငုံကာဝင်လာသောမိန်းမပျိုလေးသည်သူမ၏အထိန်းတော်ဖြစ်လာမယ့်သူတဲ့။သူ့ထိန်းမှလား သူကပြန်ထိန်းရမလားမသိ အသက်ငယ်ငယ်လေးနဲ့ ရုပ်ကလေးက ကလေးရုပ်။ သူ့ကိုလည်းမော့မကြည့်ဘဲ ငုံ့ထားတာ ဇက်ကျိုးတော့မယ့်အတိုင်း။
YOU ARE READING
နှလုံးသား အမိန့်တော်အတိုင်း
Short Storyအချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား အချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား