ညီလာခံအတွင်းလျှောက်လှမ်းလာသော ခြေလှမ်းများမသိမသာ တုန်ယင်နေတယ်။ ပလ္လင်ပေါ်တွင်ထိုင်နေသော အရှင်မမျက်နှာကိုမော်မဖူးဝံ့သလို ကိုယ့်မျက်နှာကိုလည်း မပြဝံ့ပါ။ ဘာဖြစ်ဖြစ်ရင်ဆိုင်မယ်လို့ တွေးတောထားပေမယ့် တကယ်ညီလာခံခန်းမထဲ အပြစ်သားတစ်ယောက်လိုဝင်ရတဲ့အခါ နှလုံးသားကမသန်မာနိုင်တော့ပါ။
"အပြစ်သားစန္ဒာ......အရှင်မရှေ့မှောက်.....ရောက်ရှိနေပါပြီဘုရား"
"ကောင်းပေစွ.......ကဲအပြစ်သားစန္ဒာအား....ယခုချိန်မှ စစ်ဆေးမေးမြန်းခွင့်ပြုသည်"
ထိုအခါ အမတ်ကြီးတစ်ဦးမှ
"ကဲမယ်မင်း......ဤသဝဏ်လွှာက......သင်ရေးတာဟုတ်သလား"
"မှန်ပါတယ်ဘုရား.....ကျွန်ုပ်ရေးတာပါ"
"ဒါဆို......ဤသဝဏ်လွှာထဲကအကြောင်းအရာတွေက အမှန်တွေဘဲလား"
"မှန်ပါ့ဘုရား......ကျွန်တော်မျိုးမ......အရှင်မကလျာဏီ အပေါ် မေတ္တာသက်ဝင်မိပါတယ်.....သို့ပေမယ့်အရှင်မကို ရယူလို၍ မဟုတ်သောအကြံများကို မကြံစည်ဘူးသလို......နှုတ်ကနေလဲဖွင့်ဟ မဝန်ခံခဲ့ဘူးပါဘူး....."
စန္ဒာစကားဆုံးသောအခါ....... မင်းသားရာဇဒေဝက
"ဒါဆို....သင်မေတ္တာသက်ဝင်နေတာကို.....အရှင်မကလျာဏီမသိဘူးပေါ့"
"အရှင်မ.....မသိပါဘူးဘုရား"
"ဒါဆိုသင် အရှင်မအပေါ်မေတ္တာသက်ဝင်တာကို ဝန်ခံသလား"
အရှင်မမျက်နှာတော်ကို စန္ဒာ အသာအယာခေါင်းလေးမော့ကာ မော်ဖူးလိုက်သည်။ တောက်ပတဲ့အပြုံးလေးများ မရှိသလို အရှင်မမျက်နှာတွင် ဝမ်းနည်းသောအရိပ်အယောက်များကိုမြင်နေရသည်။
*ကျွန်ုပ်...ကျွန်ုပ်အတွက်ပူပန်ပေးနေတာလား"
"စန္ဒာ သင် ကျွန်ုပ်အပေါ်မေတ္တာသက်ဝင်တယ်ဆိုတာကအမတော်တစ်ယောက်လို.... အရှင်မတစ်ယောက်လိုမလား.....အားလုံးနားလည်မှုလွဲနေတာကိုရှင်းပြလိုက်ပါ...."
အရှင်မက စန္ဒာကိုဘယ်လိုဖြေစေချင်မှန်းရိပ်စားမိသော်လည်း နှလုံးသားအမှန်အတိုင်းထွက်ဆိုရန်သာ ဆန္ဒရှိနေသောကြောင့် အရှငျမကြှနျုပျကို စိတ်ဆိုးလေမလား။
YOU ARE READING
နှလုံးသား အမိန့်တော်အတိုင်း
Short Storyအချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား အချစ်တွေကအပြစ်ဖြစ်ရင် မေတ္တာတွေကစူးတတ်သလား