အပိုင်း(၇၂)

Start from the beginning
                                    

သူတို့ရဲ့စိတ်အခြေအနေက ပုံမှန်မဟုတ်ပေ ဒါကြောင့် လမ်းလျှောက်တာကိုရပ်လိုက်ပြီး သူတို့နှစ်ယောက်ကို တိတ်တိတ်ကလေး သူမကြည့်နေလိုက်သည်

ကားလစ်က အက်စတယ်လာကို ခက်ထန်သောမျက်လုံးတွေနှင့်
"ဟိုတခါတုန်းက ကိုယ် မင်းကို ကာဒီယမ်ရဲ့ ရဲတိုက်ကို တစ်ယောက်ထဲ သွားခွင့်ပြုခဲ့တယ် ဒီတစ်ခါတော့မရဘူး မင်းဘာတွေပဲပြောပြော ကိုယ်ကတော့ မင်းနဲ့လိုက်မှာပဲ မင်းထပ်ပြီးငြင်းဆန်မယ်ဆိုရင်..."

ကားလစ်က မျက်နှာထားတင်းတင်းဖြင့် အော်ရန် ပြင်လိုက်သည်
"ကိုယ် စိတ်ဆိုးလိုက်မှာနော် ပြီးရင် စိတ်ဆိုးတဲ့ အချိန်က တိုမှာမဟုတ်ဘူး အနည်းဆုံးတစ်လလောက်ပဲ မဟုတ်ဘူး သုံးပတ်"

သူမအဝေးရောက်နေတုန်း သူရဲ့ a-hole personality စကေးက အဆင့်မြင့်သွားတာပဲ

သူကို ဆူပြီး နဖူးကိုခေါက်ပစ်ရမဲ့အစား အက်စတယ်လာက မျက်ခုံးတွေနှိမ့်ချရင်း ဒုက္ခရောက်နေသလိုမျက်နှာဖြစ်နေလေသည်
"ကျွန်မလဲ ရှင်နဲ့သွားချင်ပါတယ် ဒါပေမဲ့ မစ်နေးရားက အခုတလော စီတ်အခြေအနေမကောင်းဘူး ကျွန်မကို အရှင်မင်းသားနဲ့ တွဲမယ်လိုက်ရင် မစ်နေးရားရဲ့ အနာဟောင်း‌တွေ ပြန်ပွင့်လာမှာ"
(ရည်းစားထက် သူငယ်ချင်းကို ပိုအလေးထားနေတာ တစ်စုံတစ်ကားတော့ သနားပါတယ်🤣🤣)

ကားလစ်အကြောင်းကို အက်စတယ်လာ သူမကို သိပ်မပြောပြရတဲ့အကြောင်းအရင်းအား ထိုအချိန်မှသာနားလည်သွားသည် သူတို့ရန်ဖြစ်ကြလို့မဟုတ်ကြပေ အက်စတယ်လာရဲ့ဖြည့်တွေးပေးမှုက သူမကို တန်ဖိုးထားကြောင်း ခံစားလိုက်ရသည် ဒါပေါ့ ကားလစ်ကတော့ ဒါမျိုးမရှိဘူးလေ

နာကျင်သွားရသလို ကားလစ်မျက်နှာက ရှုံတွသွားလေသည်
"အက်စတယ်လာ မင်းက တကယ်ကိုပဲ... ကိုယ့်ကိုပြော ကိုယ်လား ပါနေးရားလား"

အက်စတယ်လာအပေါ် သနားသဖွယ်ပုံစံနှင့် အနိုင်ရဖို့ ကားလစ်ကြိုးစားလာတာကြောင့် သူမကြား၀င်ဖြတ်လိုက်ရသည်
"ရှင် ကျွန်မတို့နဲ့ လိုက်တာ မလိုက်တာ ကျွန်မဂရုမစိုက်ဘူး"

သူမအသံကို ကြားပြီး ကားလစ်နဲ့ အက်စတယ်လာ‌တို့ ခေါင်းတွေ တပြိုင်ထဲ လှည့်လာကြသည် သူတို့နှစ်ယောက်ဆီ သူမ‌လျှောက်သွားလိုက်သည် သူက သူမရဲ့ အကောင်းဆုံးသူငယ်ချင်းရဲ့ ရည်းစားဖြစ်နေပေမဲ့ အိမ်ရှေ့စံမင်းသားကတော့ အိမ်ရှေ့စံမင်းသားပဲလေ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now