ညို့(part-5)

Start from the beginning
                                    

'အော် ဟူတ်ကဲ့'

'ရေသွားချိုးတော့'

'ဟုတ်'

ထို့နောက် တီချယ်နှင့်အတူ နှစ်ယောက်သား အပေါ်တတ်လာသည်။

တီချယ်မှ ရေအရင်ချိုးမည်ဆိုပြီး ထဘီလေးကို ရင်လျားလိုက်သည်။

တာရာလုံးဝမကြည့်ပါ။ မျက်နှာကြီး အောက်ငုံကာ ထိုင်နေလေသည်။

တီချယ်မှ တာရာ့ကိုကြည့်ကာ ရယ်ပြီး ရေချိုးခန်းထဲဝင်သွားလေသည်။

*ဟူး..ဒီအပျိုကြီးနဲ့တော့ ငါရူးတော့မှာဘဲ*
တာရာစိတ်ထဲမှပြောလိုက်သည်။

တာရာလည်း စောင့်နေရင်း ပျင်းတာနဲ့ အခန်းထောင့်က ဂီတာလေးကို ယူကာ တီးနေသည်။

မတိုးမကျယ် တာရာ့အသံလေးမှာ ရေချိုးခန်းထဲ အထိကြားနေရသည်။ တာရာအသံမှာ အလွန်ပင်ချိုသာလှသည်။ ယောက်ျားလေးအသံပေါက်သည်။

~ငှေသောျတာရောငျခွညျ...ထိန်လင်းတော့မည်...ဗုံကြိုးပြတ်တဲ့ မိုးနတ်မဒီ..သဒ်ဒါကပိုသညျ...တီချယ့်ကိုဘဲ...အသဲစွဲအောင် ချစ်တော့မည်...~

ခဏကြာတော့ ဂီတာသံ မကြားရတော့သလို အတော်လည်း တိတ်ဆိတ်သွားသည်။ စွဲညို့လည်း ရေမြန်မြန်ချိုးပြီး အပြင်ထွက်ကြည့်လိုက်တော့ တာရာက အိပ်ပျော်နေသည်။

'တာရာ..တာရာ..'

'ဟင်..အင်း..'

'မအိပ်နဲ့အုန်း သွားရေအရင်သွားချိုးပြီးမှအိပ်'

'ခဏလေးဘဲ အိပ်မှာပါတီချယ်ရယ် ခဏလေးပါနော်..'

'ဒီကာလနဂါးလေးကတော့လေ..မရဘူး ရေအရင်သွားချိုး'

'ဟူတ်..'

အိပ်ချင်မူးတူးပုံစံဖြင့် ရေထချိုးသော တာရာ့ပုံစံမှာ အလွန်ချစ်စရာကောင်းသည်။

__________

ဆူဇီတို့ သားအမိလည်း ကွန်ဒိုတစ်ခုတွင်ငှားနေလိုက်ကြသည်။

ဒေါ်မိုးသူဇာမှာ စီးပွားရေး အလွန်ကျွမ်းကျင်သော်လည်း မိဘများ၏ အတင်းပေးစားမှုကြောင့် ဦးမိုးမြင့်ကိုကိုကို ယူလိုက်ရသည်။

__________

တာရာရေချိုးပြီးထွက်လာတော့ တီချယ်က အိပ်ပျော်နေသည်။

ညို့Where stories live. Discover now