Episode 137

137 18 2
                                    

Uni

"No One Can Rewrite The Stars

How Can You Say You'll Be Mine

Everything Keeps Up Apart

I Am Not The One You Are Mean To Find"

ဖုန်းသံက အခန်းထဲကို ပျံ့လွင့်လာသည်။ မိုးကောင်းကင်တစ်ခုလုံး အနက်ရောင်နှင့် လွှမ်းမိုးနေသည်မို့ ညကာလဆိုတာ မေးနေစရာပင် မလို။ လိုတက အခန်းထောင့်လေးမှာ ရပ်နေတာ ဖြစ်သည်။ မှန်ချပ်ဖြင့်ကာဆီးထားသော တံခါးပေါက်ကြီးက အပေါ်ပိုင်း၌ အနက်ရောင်နှင့်ပြည့်နေသည်။ လူနေအိမ်များကို ကြည့်လျှင်တော့ မီးပွင့်များကို ဟိုတစ်လက် ဒီတစ်လက်မြင်နေရသည်။ တိတ်ဆိတ်မည်းနက်နေသော ကောင်းကင်ကြီးနှင့် မီးပွင့်များစွာဖြင့် လှုပ်ရှားနေသော မြေပြင်က မအပ်မစပ်သလို လိုတ ခံစားလိုက်ရသည်။

ဘာကိုတွေးနေသည်မသိ ရှည်ရှည်ဝေးဝေး တွေးနေပြီးမှ သက်ပြင်းရှည်တစ်ခုကို ချသည်။ ပြီးနောက် ကုတင်ဘေးကို ဖြည်းဖြည်းချင်း လျှောက်သွားကာ အဆက်မပြတ်မြည်နေသည့် ဖုန်းကို ကောက်ယူလိုက်သည်။ အမေခေါ်တာပင်။ လိုတ မျက်နှာက စိတ်ရှုပ်ထွေးမှုတွေကြားမှ ရုန်းထွက်ကာ ဖြည်းဖြည်းလေး ပြုံးမိသွားသည်။

"ဟယ်လို အမေ ပြောပါ"

(အေး သား။ အခု ဘာလုပ်နေလဲ အားလား)

"အားတယ် အမေ။ သား ဘာမှမလုပ်ဘူး"

(အေးအေး တခြားမဟုတ်ပါဘူး ပြောစရာရှိလို့)

အမေ့အသံက အနည်းငယ်စိတ်လှုပ်ရှားသည့်ဟန် ပေါက်နေသည်။ လိုတ စိတ်ဝင်တစားဖြစ်သွားသည်။ သူ့အမေနဲ့သူက နေ့တိုင်းနီးပါး ဖုန်းပြောဖြစ်တယ်ဆိုပေမဲ့ များသောအားဖြင့် သာကြောင်းမာကြောင်းများသာဖြစ်သည်။ နောက်ပြီး အလုပ်အကြောင်း၊ ပြောစရာက ဒါအကုန်ပင်။ အမေ့ဘက်က ပြောစရာရှိတယ်လို့ စပြောလာတာ တကယ်ပဲ ရှားပါးလွန်းသည်။

"ပြောလေ အမေ။ ဘာဖြစ်လို့လဲ"

(သန်ဘက်ခါလောက်ကျရင် မင်းအဖေရယ် ရုံးသုံးပစ္စည်းတွေဝယ်ဖို့ ရန်ကုန်သွားရမှာလေ။ အဲ့တာ အမေပါ လိုက်လာရမလားလို့)

"ဟာ လာလေ အမေ။ ဘယ်ကားနဲ့လာမှာလဲ သား လာကြိုလှည့်မယ်"

(အင်းပါ အင်းပါ နေ့ကားလက်မှတ်ဖြတ်ထားတယ်။ ညနေပိုင်းရောက်အောင်လေ နို့မို့ဆို နင်အိပ်ရေးပျက်မှာပေါ့ ငါ့သားရဲ့)

ကောင်းကင်တမျှ (Completed)Where stories live. Discover now