Episode 117

143 18 12
                                    

Uni

မိုးမြင့်တိုက်ကြီး၏ မြေအောက်ကားပါကင်ဆီသို့ ကားလေးတစ်စီး လျှောခနဲ ဝင်လာသည်။ ကားသည် ခဲပုပ်ရောင်ကားလေးဖြစ်ကာ မိန်းကလေးစီးဖြစ်၍ အနည်းငယ်ချစ်စရာကောင်း၏။ လမ်းတလျောက် လျောခနဲ ဝင်လာပြီးမှ နေရာလွတ်တစ်ခုမှာ ကားကို ဝင်ရပ်လိုက်သည်။

အထဲရှိမိန်းကလေးက တံခါးကိုဖွင့်၍ အပြင်သို့ ခြေချလာသည်။ ရှူးဖိနပ်အဖြူရောင်က ခပ်သေးသေး ခြေဖမိုးလေးများနှင့် လိုက်ဖက်ညီလှသည်။ ခြေသလုံးတလျှောက် ဖြူဖွေးသွယ်လျစွာ ဖြစ်တည်ကာ ဒူးဆစ်နားရောက်သည့်အခါ ဖွားခနဲကျလာသည့် ဂါဝန်အနားစလေးကို မြင်ရသည်။

ဂါဝန်သည် နံ့သာရောင်ဖြစ်သည်။ လည်ပင်းကို အဟိုက်ထားပြီးမှ ပုခုံးနားစွန်းစွန်းအရောက် ဖဲပြားလေးနှင့် စည်းနှောင်ထားသော ကြိုးသိုင်းဂါဝန်လေးဖြစ်သည်။ ခေတ်စနစ်နှင့်အညီ ခန္ဓာကိုယ်နှင့် Fix sizeဝတ်ဆင်ထားရာ အနည်းငယ်လှုပ်ရှားလိုက်လျှင်ကို ဂါဝန်အနားစတွေ ဝေ့ဝဲသွားသဖြင့် ကြည့်လို့ကောင်းလှသည်။

မိန်းမပျိုသည် ပုခုံးနားစွန်းစွန်းအထိ ရောက်နေသောဆံပင်တို့ကို တစ်ဝက်စီးနှောင်ထားကာ နှဖူးပြင်ပေါ်သို့ ခပ်ဝဲဝဲကျစေလျက်ရှိသည်။ ကျော့မော့ရှင်းလင်းသော မျက်ခုံးတန်းများ၊ မျက်ဝန်းသေးသေးလေးများ အပါအဝင် နှာတံလုံးလုံးလေးများက သူ့အား ချစ်စရာအသွင်အပြင်ကို ဖြစ်စေသည်။ ခပ်တင်းတင်းဖိပိတ်ထားသော နှုတ်ခမ်းထူထူတို့သည် ပန်းနုရောင်ဆေးသားကြောင့် နှင်းဆီပန်းငုံလေးပမာ စုထွေးလျက် ဖြစ်သည်။

ခေါင်းအစ ခြေအဆုံး ချစ်စရာလေးပဲမို့ ကားပါကင်ဆီ ရောက်လာကြသူတိုင်း မိန်းမပျိုလေးကို တစ်ချက်တော့ ငဲ့ကြည့်သွားကြသည်သာ။

သူ(မ)ကိုယ်တိုင်ကတော့ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို တစ်ချက်လှည့်ကြည့်သည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ ကားထဲရှိ ပိုက်ဆံအိတ်လေးကို ထုတ်လိုက်သည်။ ပိုက်ဆံအိတ်လေးသည်လည်း နံ့သာရောင်လေးပဲ ဖြစ်သည်။ လွယ်ရသည့်ကြိုးက တော်တော်ရှည်တာမို့ သူက ထိုကြိုးလေးကို ပုခုံးဆီမှာ လွယ်ထားလိုက်သည်။

ကောင်းကင်တမျှ (Completed)Where stories live. Discover now