(7)

843 138 17
                                    

Zawgyi
.
.
ပင်လယ်ပြင်ထဲသို့ ဝေ့ဝဲလာခဲ့သော ရဟက်ယာဉ်ပေါ်တွင် တော်တော်ကြာပြီးနောက် ဝိုးတစ်ဝါးတွေ့နေရသော ကျွန်းတစ်ခုဆီသို့ ဆင်းသက်ရန်ပြန်သည်။ ထိုစဉ် အောက်ဘက်မှ စောင့်ကြိုနေသူလူတစ်စုကို တွေ့ရသည်။

ယာဉ်ပေါ်မှဆင်းလိုက်ချိန်တွင် လူအုပ်ကို တွန်းတိုက်ကာ ပြေးဝင်လာသော လူတစ်ယောက်က ကိုယ့်ကို အရမ်းကာရောဆွဲဖက်သည်။ ပြင်းထန်သော အသက်ရှူသံတွေက ထိုလူ ကိုယ်ရှိရာသို့ အသည်းအသန်ပြေးလွှားလာခဲ့ကြောင်း သိသာစေသည်။

တစ်ပတ်မျှသာ ဝေးကွာခဲ့သော်လည်း အချိန်အတော်ကြာ မတွေ့ခဲ့ရသူတစ်ဦးလို ဖက်ထားသူ၏ ကိုယ်သင်းနံ့ကို တဝကြီးရှူရှိုက်မိသည်။

"ထယ်.. ကျွန်တော့်ထယ်"

ကိုယ့်အပေါ် ပူပန်စိတ်နဲ့ ဂျွန်တစ်ယောက်က တင်းကြပ်စွာဖက်လာလေလေ ကိုယ့်အပူမီးတွေ ကြီးထွားလာလေလေ။ ကိုယ့်ချစ်သူတစ်ယောက်လုံးကိုတောင် စက်ရုပ်လိုအရာနဲ့ မှားယွင်းခဲ့မိသည်မလား။

ရှုပ်ထွေးခဲ့ရသောအတွေးတွေ တောင့်ခံလာခဲ့သော အကြောက်တရားတွေနဲ့ လမ်းတစ်လျှောက် မေ့ဖျောက်ထားခဲ့သော အရှက်တရားတွေ စုပြုံလာချိန် ကိုယ့်မှာ ယောက်ျားတန်မဲ့ ဂျွန့်ပခုံးထက် ပိုတိုးလို့ ငိုမိတော့သည်။

မျက်ရည်ကျခဲသော်ငြား ဂျွန့်အငွေ့အသက်တွေ ရှူရှိုက်မိတဲ့အခါ မှားယွင်းလက်ခံမိတဲ့ချစ်ခြင်းတွေအတွက် ရှက်ရွံ့ခြင်းတွေ တွန်းကန်လာသည်။ ဂျွန်တစ်ယောက် ထိခိုက်ဒဏ်ရာရထားလို့သာမဟုတ်ရင် ကိုယ် ဒီကို လိုက်လာမိမည်တောင် မဟုတ်လောက်ဘဲ ရှောင်ပြေးနေမိလိမ့်မည်။

"ဂျွန်.. ကိုယ်လေ.. ကိုယ်"

"ဘာမှမဖြစ်ဘူးလေ ထယ်.. ကျွန်တော်ရှိတယ်.. ဘာမှမဖြစ်တော့ဘူးနော်.."

"ကိုယ် သူ့ကို မင်းလို့ထင်..... အင့်"

အာခံတွင်းထဲသို့ အပူတွေလှိုက်တက်လာသည်။ စကားလုံးတွေက ရှေ့ဆက်မရတော့။

ကိုယ်လေ.. မင်းမဟုတ်တဲ့ အခြားတစ်ယောက်နဲ့ ကျူးလွန်ခဲ့မိတယ်ဆိုတဲ့အကြောင်း မင်းသိအောင် ဘယ်လိုဝန်ခံရမလဲ။

𝙃𝙞𝙨 𝙃𝙚𝙖𝙧𝙩 𝙞𝙨 𝙎𝙩𝙖𝙞𝙣𝙡𝙚𝙨𝙨 𝙎𝙩𝙚𝙚𝙡Where stories live. Discover now