(6)

810 149 7
                                    

Zawgyi

.

.

"Mmm.. titanium?"

စက်ရုပ်တစ်ပိုင်းလူသားတစ်ပိုင်း ထိုသူက မထီမျက်ဝန်းများနှင့် သူ့ကိုဝိုင်းဝန်းထားသူတို့၏လက်ထဲမှ Gunများကိုကြည့်ကာ ပြောသည်။

သံလိုက်ဆွဲအားမသက်ရောက်နိုင်သော သတ္တုစပ်တိုက်တေနီယမ်လက်နက်များကမှ ဒီပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရန် အသင့်တော်ဆုံးဖြစ်သည်။

"အသာတကြည်လိုက်ခဲ့ပေးပါ MrJ"

လူသားမဟုတ်သော ထိုသူက အရေးကြီးပုဂ္ဂိုလ်တစ်ဦးမို့ အရမ်းကာရော မလုပ်ကြပါ။ အပြစ်သားတစ်ယောက်အနေနဲ့ လာခေါ်ခြင်းဖြစ်သော်ငြား ထိုအပြစ်သားက ဘယ်သူဆိုတာ သူတို့အားလုံးသိကြသည်။

"သူ့အိမ်ကိုဖျက်ဆီးတဲ့အတွက် MrDocက ကြိုက်မယ်မထင်ဘူး.."
{MrDoc = JJK}

"MrJ!"

ထိုအချိန်တွင် Tactical bootတစ်စုံက ပျက်စီးသွားသော ပြတင်းမှန်ကွဲစများကိုနင်းကာ အိမ်ထဲသို့ဝင်လာသည်။ ပြီးနောက် ဖုန်းကောလ်တစ်ခုကို ပြုလုပ်လျက် လက်ညှိုးနှင့်လက်ခလယ်ကြားက ခပ်တိုတိုcigratteကို အားပြင်းပြင်းရှိုက်ယူလိုက်သည်။

သူက စက်ရုပ်လူသားကို ခပ်ပြုံးပြုံးနှုတ်ဆက်လိုက်သေး၏။

"Hey man.. how's your adventure? Humn..!!"

"Mr ဒဏ်ရာတွေသက်သာတဲ့အခါ ပြန်ခဲ့ပါမယ်.. အခုတော့ တိတ်တဆိတ်ပြန်သွားပေးပါ Mr:RM"

ပိုင်ရှင်ကို အနာတရဖြစ်အောင် လုပ်ကြံပြီး ပိုင်ရှင်၏အပိုင်လူသားကို လာရောက်ထိပါးနေသော MrRobotကို သူသိပ်အထင်ကြီးမိသည်။ ကိုယ်ပိုင်အတွေးအခေါ်နှင့်ဖြစ်သော်လည်း အားလုံးက ပိုင်ရှင်ဖြစ်တဲ့Jungkookကိုပဲ အခြေခံတာမို့ စိတ်ဓာတ်ပြင်းထန်တာပါ တူညီနေသည်။

သို့သော် ဒီကောင်ကတော့ မကြောက်မရွံ့။ စဉ်းစားတွေးခေါ်တတ်သော ဒီစက်ရုပ်က ဖြစ်လာမယ့်အကျိုးဆက်တွေကို သိပါလျက်နဲ့ မထိသင့်သူကို လာထိပါးခဲ့သည်။ ပြန်ရောက်လျှင် သူ့အခြေအနေက အမှန်တကယ်မတွေးရဲစရာပါ။

"သူသတိရနေပြီ.. မင်း အခုနေ ပြန်လိုက်လာရင် ကောင်းလိမ့်မယ်"

𝙃𝙞𝙨 𝙃𝙚𝙖𝙧𝙩 𝙞𝙨 𝙎𝙩𝙖𝙞𝙣𝙡𝙚𝙨𝙨 𝙎𝙩𝙚𝙚𝙡Where stories live. Discover now