(1)

1.5K 197 11
                                    

Zawgyi

.

.

ဒီတစ်ခေါက် ဂျွန်ခရီးသွားတာ ကတိုက်ကရိုက်ဆန်သည်။

အလုပ်အကိုင် လျှို့ဝှက်ထားသော ဂျွန်က သူ့ကို နားလည်မှုပေးရန် အထပ်ထပ်တောင်းဆိုထား၍သာ ကိုယ့်မှာမျိုသိပ်ထားရသည်။

ကျန်တာတွေထက် ဂျွန်တစ်ယောက်လုပ်ကိုင်နေသောအလုပ်မှာ အန္တရာယ်ကင်းမကင်းဆိုတာသာ သိလိုသည်။

အိမ်ကို အန္တရာယ်ကင်းကင်းပြန်ရောက်လာသောနေ့များ ဝေးမှာကိုပူသည်။

ပြောရလျှင် လိင်တူချစ်သူနှစ်ဦးအတွက် ဒီနိုင်ငံမှာ နေရာမရှိသည်မို့ တိတ်တဆိတ်သာ အတူတကွ နေထိုင်နေကြရုံ။

ဂျွန်ကမိဘမဲ့ဖြစ်ပြီး ကိုယ်က တစ်ကောင်ကြွက်။ ကိုယ့်မိဘများက ဝေးလံသီခေါင်သော နိုင်ငံတစ်ခုတွင် အခြေချနေထိုင်လျက်ရှိပြီး ဂျွန်၏မွေးစားအမေကတော့ ဒီနိုင်ငံမှာပဲရှိသည်။

ကိုယ်တော့ တစ်ခါမှမတွေ့ဖူးခဲ့ပါ။

သင်တန်းသားတွေကို အချိန်ဇယားအတိုင်း trainပေးပြီးသည်နှင့် နောက်ထပ်အတန်းချိန်လည်း မရှိတော့သည်မို့ အခြားtrainerများကို နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ဖို့ပဲ ရွေးချယ်လိုက်သည်။

သီးသန့်ဆန်သော နှစ်ဦးသားဆန္ဒနှင့်အညီ မြို့စွန်မှာတည်ဆောက်ထားသော အိမ်လေးက ကိုယ့်အလုပ်နှင့်ဆို နှစ်နာရီမျှ အနည်းဆုံးအချိန်ယူရသည်။

ဂုဏ်ဆာပြီးပြောရလျှင် ထိုအိမ်ကလေးမှာ ကိုယ့်ဂျွန်၏လက်ရာစစ်စစ်ဖြစ်သည်။

ဂျွန်တစ်ယောက်က ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ဦးလားဟု မကြာခဏတွေးကြည့်ဖူးသည်။

နှစ်ယောက်ထူထောင်ထားသော အိမ်ကလေးကို အစအဆုံး ဂျွန်ပဲဒီဇိုင်းဆွဲကာ ဂျွန်ကိုယ်တိုင် ဝင်ရောက်ဆောက်လုပ်ခဲ့သည်မို့။

သို့သော် ဂျွန်က ခရီးသွားဖို့ပေါ်ပေါက်လာလျှင် အမြဲလျှို့ဝှက်သည်။

"မင်းတစ်ယောက် ကိုယ့်ကွယ်ရာမှာ တစ်အိုးတစ်အိမ်များ ထူထောင်နေသလား"ဟု ကိုယ်က ခပ်ရွဲ့ရွဲ့မေးလျှင် အသံထွက်အောင်ရယ်ပြီး ကိုယ့်ပါးကို တရှုံ့ရှုံ့နမ်းရင်း ချော့မည်။

𝙃𝙞𝙨 𝙃𝙚𝙖𝙧𝙩 𝙞𝙨 𝙎𝙩𝙖𝙞𝙣𝙡𝙚𝙨𝙨 𝙎𝙩𝙚𝙚𝙡Wo Geschichten leben. Entdecke jetzt