"ရပါတယ်"
"ဂေ့...ကင်မ်"
ထိုအချိန် ရေအိမ်သွားတဲ့ဖက်မှ ဧည့်သည်တယောက်ထပ်ထွက်လာသဖြင့် နှစ်ဉီးသားအံ့သြရင်း ကြည့်မိကြသည်။
"ဟင်းးး...ဧည့်သည်ကျန်သေးတာပဲ"
ဂျီမင်မေမေက သက်မချကာ ခပ်တိုးတိုးဆိုလေသည်။
"ကိုယ်စားလှယ်ကြီး ကျန်နေတာပဲ ကျနော်က ပြန်သွားပြီမှတ်နေတာ"
ကင်မ်က ဧည့်သည်ဆီပြေးသွားကာ ကူတွဲရင်း ရိုရိုကျိုးကျိုးမေးမြန်းပြုလိုက်သည်။
"ကျန်...ကျန်သူတွေရော"
"ပြန်ကုန်ပြီ ကိုယ်စားလှယ်ကြီး"
"အမ်...မင်းနဲ့ငါနဲ့ပဲ ကျန်တာလား"
"ဟုတ်ကဲ့"
ထိုအခါ ကိုယ်စားလှယ်က ခေါင်းငြိမ့်ကာ စားပွဲတခုတွင်ထပ်ဝင်ထိုင်၍ ဆိုဂျူပုလင်းထပ်တောင်းလေသည်။
"ဟာ...ကိုယ်စားလှယ်ကြီး မနက်ဖြန် အလုပ်သွားရအုန်းမယ်လေ အများကြီးသောက်လို့ ဘယ်ဖြစ်မလဲ"
ကင်မ်က ထပ်သောက်ဖို့ကြံနေသော ကိုယ်စားလှယ်ကို အမြန်တားကာပြောလိုက်သည်။
"ဒီ...တလုံးပဲ ကင်မ် ဒါနောက်ဆုံး အစာပိတ်သောက်တာ"
"မဟုတ်ဘူးလေဗျာ"
"ငါအာ့လို...သောက်နေကြ ကင်မ် တလုံးလောက်ပိုသောက်ရုံနဲ့ ငါဒီထက်ပို မမူးနိုင်ဘူး..အွတ်"
ကိုယ်စားလှယ်က ပြောရင်း အွတ်ခနဲပျို့တက်လာပြန်သည်။ထို့ကြောင့် ရေအိမ်ဆီတခါတွဲပို့ရပြန်သည်။စိတ်ကြိုက်အန်ပြီး ပျော့ခွေသွားမှ ကင်မ် တွဲကူကာ အရှေ့ပြန်ထွက်လာခဲ့သည်။ထိုအချိန် ဂျီမင်မေမေက သန့်ရှင်းရေးလုပ်သိမ်းဆည်းနေသည်မှာ ပြီးလုပြီးခင်ပင်ဖြစ်သည်။
"ကျနော်တို့ ပြန်တော့မယ်နော်"
စားပွဲးခုံတိုက်နေရာမှ အကိုကင်မ်ပြောလာ၍ လှည့်ကြည့်မိသည်။မူးရူးနေသော ဧည့်သည်ကိုတွဲထားသော အကိုကင်မ်ပုံစံက ဒယိမ်းဒယိုင်...။
"ဘယ်လိုပြန်မှာလဲ အငှားမောင်းတဲ့သူက မိုးချူပ်လို့ခေါ်မရတော့ဘူးအကိုကင်မ်"
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?