ဂျွန်ငယ် (၃၄)

3.5K 312 46
                                    

နမ်ဂျွန်ပြောသည့် နည်းလမ်းက
သိပ်အသုံးတည့်သည်မို့ ရွာကိုရောက်ကတည်းက
လေကောင်းလေသန့်တွေရှုလိုက်
ရွာထဲသွားလိုက် စမ်းချောင်းနံဘေးအေးအေး
ချမ်းချမ်းလေးထိုင်နေလိုက်နဲ့ စိတ်တွေအနည်းငယ်
ကြည်လာသလိုပင်။

ရက်တွေကတဖြည်းဖြည်းကုန်ဆုံးလာပြီမို့
အဆင်ပြေပြေနဲ့နေသားကျဖို့အတွက်လည်း
ဂျီမင်ကြိုးစားနေခဲ့သည်။

ထယ်ယောင်းရဲ့စပျစ်ခြံကြီးထဲကိုလည်း
သွားရောက်လည်ပတ်ပြီးနောက်တော့
အေးအေးလူလူပဲတစ်ယောက်ထဲ အိမ်ကို
ပြန်လာခဲ့သည်။
ဒီတောရွာလေးတွေကသိပ်အေးချမ်းလွန်းလို့
ဆိုးလ်ကို မပြန်ချင်တော့သည်အထိပဲ။
တစ်လတောင်မပြည့်သေး၊ ဂျီမင်ရဲ့
ဝတ်စားဆင်ယင်မှုက ဒီရွာကဒေသခံတစ်ယောက်နဲ့တောင်ဆင်တူနေသည်။
ပေါ့ပေါ့ပါးပါး ချည်သားတွေကိုချည်းဝတ်ဆင်ကာ
ဘယ်လိုအရှိန်အဝါတွေမှ မရှိဘဲ
အမြင်အေးစေသည်။

" ဂျီမင်...ဂျီမင်.."

" ဘာဖြစ်လာလာလဲယန်းရဲ့ ပြာပြာသလဲနဲ့..."

" ဟို...ဟိုဟာ.... "

" အင်း.  ...ဘာဖြစ်လဲပြောလေ  ..... "

ယန်းကတစ်ခုခုကိုပြောရန်အစရှာရင်း
အရှိန်ယူနေသလိုမို့ဂျီမင်ကဘာများလဲဟု
နားစွင့်နေမိသည်။

" ဂျောင်.. ဂျောင်ဂုရဲ့ဖိတ်စာရောက်လာတော့မယ် .... "

" ဘယ်တော့လဲ..."

" ဒီနေ့ပဲ..."

" မဂ်လာဆောင်ရင် ဖိတ်စာကရောက်လာမှာပဲလေ
ယန်းဘာတွေ အထူးအဆန်းလုပ်နေတာလဲ..."

အပြင်တနေကုန်လျှောက်သွားထားသည်မို့
အိမ်ထဲဝင်လိုက်ပြီးရေအေးတစ်ခွက်သောက်ကာ
ခဏနားသည်။
ခုံလေးတွေမှာထိုင်နေကြသောဆူဟိုနဲ့
အဘွားကလည်း ယန်းနဲ့ဂျီမင်စကားပြောနေခြင်းကို
နားစွင့်နေခဲ့ကြသည်။

"ဖိတ်စာရောက်တာက မထူးဆန်းဘူးဂျီမင်...
ဒါပေမယ့် ......"

" ဒါပေမယ့်ဘာဖြစ်လဲ ယန်း...ငါစိတ်မရှည်တော့ဘူး "

" ဖိတ်စာလာပို့မယ့်သူက ဂျောင်ဂုဖြစ်နေတယ်..."

ချက်ချင်းပျက်ယွင်းသွားသည့်မျက်နှာနဲ့
ဒေါသတွေဟာအထူးတလည်ဖိတ်ကြားစရာမလို
အမြန်ဆုံးနှုန်းနဲ့ကိုရောက်လာခဲ့သည်။

ဂျွန်ငယ် Where stories live. Discover now