ဂျွန်ငယ် (၃၁)

2.7K 283 33
                                    

ဧည့်ခန်းထဲက ရုန်းရင်းဆန်ခတ်အခြေအနေမှာ
လက်ကိုဆွဲထားသူနဲ့ ဂျွန့်လက်တွေထဲက
ရုန်းနေသူအကိုပင်ဖြစ်သည်။
ဝေးနေလို့ပါ လူချင်းများတွေ့ရင်
ပြန်ပြေလည်သွားမှာပါလို့
ယန်းတွေးထားသမျှတွေက အကုန်တလွဲတွေ။

" လွှတ်နော်...ငါ့ကို...! "

" မလွှတ်ဘူး...ကျွန်တော်မှာပြောစရာတွေ
ရှိသေးတယ် "

" အရိုင်းအစိုင်းကောင်...လီဟယ်ဝန်းကမင်းကို...
ဒီလိုပဲသင်ပေးထားလား...! "

" ဘာလို့အမြဲတမ်း ကျွန်တော်တို့ပြသာနာတွေကြား
အစ်မဟယ်ဝန်းကိုဆွဲထည့်နေရတာလဲ... ဘာလဲ
မဟုတ်မှလွဲရော....အစ်မဟယ်ဝန်းကိုမနာလို
ဖြစ်နေတာလား...."

ဆက်မထိန်းထားနိုင်တော့သည့် ဒေါသတွေမှာ
လစ်လပ်နေသည့်လက်တစ်ဖက်က ခပ်ပြင်းပြင်းပဲ
ဂျွန့်ပါးပြင်တစ်ဖက်ကိုရိုက်ချလိုက်သည်။
အရင်လိုနဖူးပြေပြေပေါ်တွင် ရှုပ်ရှပ်ခတ်နေသော
ဆံစတွေကိုအပြောင်သိမ်းထားပြီး သိပ်ကို
ခန်းညားလှသည့်ဆရာဝန်ကြီးရဲ့မျက်နှာသည်
လည်ထွက်သွားသည်။

စကားတွေသည် စော်စော်ကားကား
မိန်းမတစ်ယောက်ကိုများ မနာလိုဖြစ်နေသလားတဲ့။

" စကားတွေတတ်လာတိုင်း ဗရမ်းဗတာတွေ
လာမပြောနဲ့.... ! "

" ကိုကို..."

ရုတ်တရက်ကြီး ရောက်ချလာသည့်ဧည့်သည်သည်အချိန်ကိုက်ပါ၊ပဲ အိမ်ထဲကိုအလောတကြီး
ပြေးဝင်လာသူဘယ်ရီကြောင့် လက်ရှိအချေအတင်
ဖြစ်နေခြင်းကိုဂျွန်နဲ့အကိုလူစုခွဲလိုက်ရသည်။

" ဘယ်ရီ...ရောက်လာတာပဲ.... "

" ဟုတ်တယ်...ကိုကို...ဘာဖြစ်နေကြတာလဲဟင်..."

" ဘာမှမဖြစ်ပါဘူး...စကားပြောနေကြတာ..."

ဂျီမင်မျက်နှာကနီမြန်းကာ ဂျွန်ကလည်း
ကျောပေးရပ်နေခဲ့သည်။

" ဟေး...ဂျီမင်..."

" စကိုင်းလဲ ပါလာတာပဲ..."

" ဟုတ်ပ...သွားချင်လို့လိုက်ပို့ပါဆိုလို့
ကျွန်တော်မျိုးလိုက်ပို့တာ..."

ကားသော့လေးတယမ်းယမ်းနဲ့ဝင်လာသူ
စကိုင်းသည်လည်းဂျွန့်ကိုမြင်သည်နဲ့ အံ့သြစွာဖြင့်
မျက်နှာပေးပြောင်းသွားခဲ့သည်။

ဂျွန်ငယ် Where stories live. Discover now