"ဟင်​.."

သူ့မျက်​ဝန်းများအတိုင်းထက်​အလွန်​နူးညံ့ကုန်​ကြပြီး ပွင့်​ဖက်​က​လေးများအားလက်​နှင့်​အသာထိမိသွားသည်​။ထိုအခါမှတဖြည်းဖြည်းရလိုက်​​သောပန်းရနံ့က​လေးများသည်​တစ်​စတစ်​စနှင့်​ပင်​။

"မင်းကိုချစ်​လိုက်​​တာဆိုတာ..ငါမလိမ်​ပါဘူး သိပ်​ချစ်​တာ.."

နှုတ်​ခမ်းလှုပ်​ရုံ​ရေရွတ်​မိသွားခြင်းတွင်​ နှလုံးသား​လေးသည်​လည်းတသိမ့်​သိမ့်​နှင့်​ငြိမ့်​​ညောင်းစွာကခုန်​​​နေ​လေသည်​။

...

"ငါ​တော့အိပ်​မက်​​တွေမယုံဘူး.."

ခပ်​ပြတ်​ပြတ်​ပင်​​ပြောရက်​​သော ထိုနမ်​ဂျွန်းကို​ဆော့ဂျင်​စိတ်​​တွေသိပ်​တိုပါသည်​။ကုန်းတက်​ဖြစ်​လို့စက်​ဘီးကိုနှစ်​ဦးအတူတွန်းလာကြရင်း သူ့ဘက်​ကိုတစ်​ချက်​လှည့်​ကြည့်​ပြီး ပြုံးစစနှင့်​ဆိုခြင်းဖြစ်​​လေသည်​။ဒီစကားက်ု အိပ်​ယာနိုးကတည်းက​ပြောလာခဲ့ခြင်းဖြစ်​​သော်​လည်း ထိုသူဟာမယုံဘူးချည်း​ပြော​နေသည်​။

"တကယ်​လို့..ငါကဆံပင်​အဖြူ​လေး..မင်းကအညို​ရောင်​​လေး..မြင်းစိးလည်းပြိုင်​​သေးတယ်​..အတူလည်းကတယ်​"

နှလုံးခုန်​နှုန်းတို့သည်​လျင်​မြန်​​နေပြီး အပ်​​ကြောင်းထပ်​မည့်​ထိုစကားကိုသာ​ဆော့ဂျင်​ထပ်​ကာထပ်​ကာ​ပြော​နေခဲ့ပြန်​သည်​။ကြည်​နူးတာမျိုး..ရင်​ထဲလှိုက်​လို့လွမ်းတာမျိုး..အိပ်​မက်​ထဲကပုံရိပ်​​တွေဟာသူတို့၏အတိတ်​​တွေအတိုင်းပင်​..။နမ်​ဂျွန်းသည်​အိပ်​မက်​ထဲတွင်​ သူ့အားသမိုင်းဝင်​ကျူဒါကို​​ပေးပြီးချစ်​ခွင့်​ပန်​​လေသည်​။

"မင်းကကိုယ့်​ကိုစိတ်​စွဲပြီး မက်​တာ​နေမှာ​ပေါ့ ဘယ်​သူကများငါတို့ရဲ့အတိတ်​လို့​ပြောလည်း က​လေးရယ်​..."

ကုန်းထိပ်​သို့​ရောက်​လာ​သော်​ လွယ်​အိတ်​ကိုအသာပင့်​လျက်​နမ်​ဂျွန်းသည်​​မောဟိုက်​စွာဆို​သည်​။သူ့ကုတ်​ထပ်​ရှိ​စောင်း​နေ​သော​ကျောင်းသားကဒ်​ကိုလည်းတည့်​​ပေးလာ​လေသည်​။နမ်​ဂျွန်း၏မျက်​ဝန်းကြည်​​တောက်​​တောက်​​တွေကိုဆုံကြည့်​မိတိုင်း daeja vuလိုမျိုးဖြစ်​​နေခဲ့သည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now