"မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာပါ ယွန်တန်ကိုမင်းပြန်ခေါ်သွားတာလား"
"အင်း"
တကယ်တော့ သူမနေ့ညက ဂျီမင်အခန်းထဲမှနေ ခပ်မြန်မြန်ပြန်ထွက်ခဲ့သည့်အချိန်ကတည်းက ယွန်တန်အနောက်ကလိုက်လာချင်းဖြစ်သည်။ခုမနက်အိပ်ယာထလျှင် မနေ့ညကသတိလက်လွှတ်ဖြစ်ကာ ဂျီမင်အပေါ်အမှားလုပ်မိသည့်စိတ်ကြောင့် သူ့ကိုယ်သူမလုံကာ ဂျီမင်မျက်နှာကြည့်ဖို့အားနာနေရသည်။
"အင်း မင်းနေကောင်းရင်လဲ ပြီးတာပဲ ဒါဆို ထွက်တော့မလား"
"အင်း ကားနားသွားစောင်နေ ငါလိုက်လာခဲ့မယ်"
ဂျီမင်ကိုမှာပြီး ကိုယ့်အခန်းရှိရာသို့ခပ်မြန်မြန်ပြန်လာခဲ့သည်။အခန်းထဲရောက်လျှင်ရောက်ချင်း ကုတင်ထက်အရုပ်ကြိုးပျက်ထိုင်ချမိသည်။ နှလုံးအခုန်မြန်ကာ မောဟိုက်လျက်ရှိသည်။စောစောက သူအသက်ရောရူမိရဲ့လား စဉ်းစားမရ။
"ငါ ဘယ်လိုလုပ်ရမလဲ ယွန်တန်ရ"
"ဝုတ်...ဝုတ်"
သူ့ခြေရင်းတွင်လဲနေသော ယွန်တန်ကိုကြည့်၍ စိတ်မောစွာမေးမိသည်။ယွန်တန်ကလည်း လူစကားနားလည်သည့်သဖွယ် အမြီးလေးနှံ့ကာဟောင်နေပုံက နှစ်သိမ့်နေသည်ဟုပင်ထင်မိသည်။
🍀🍀🍀🍀🍀🍀🍀
"ဖယ်..ငါမောင်းမယ်"
ကားမောင်းသူနေရာဝင်ထိုင်ရန်ပြင်နေသော ဂျီမင်ကြောင့် ထယ်ယောင်းဟန့်တားလိုက်သည်။
"ငါမောင်းလဲရတယ်လေ"
"မင်းမနေ့ညက မောင်းထားတာပဲ ခုမနက်ငါမောင်းလိုက်မယ်"
"အင်း သဘော"
သူ့စကားတခွန်းဆိုတခွန်းနားထောင်ကာ အတွန့်ထပ်မတတ်သော ဂျီမင်ကြောင့် စိတ်ထဲပီတိဖြစ်ကာ ကျေနပ်သလိုခံစားရသည်။
"မနက်စာ ဘာစားချင်လဲ"
ကားစထွက်သည်နှင့် ဂျီမင်ဘက်လှည့်ကာမေးလိုက်သည်။ဂျင်းအနက်နှင့် ဟူဒီဝတ်ထားသော ဂျီမင်ပုံစံက လန်းဆန်းကာ ဆယ်ကျော်သက်လေးနှင့်ပင်တူသေးသည်။
"မင်းရော စားချင်တာရှိလား"
"အင်း ငါခေါက်ဆွဲစားချင်တယ် ခုကမိုးအေးနေတော့ ကွတ်တိပဲ"
YOU ARE READING
FLASHBACK
Fanfictionဆုပ်ကိုင်ထားမိဆဲအတိတ်တွေထဲကနေ ကျနော်တို့မသိတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဘာဖြစ်နိုင်မယ်လို့ထင်ပါသလဲ?