❀ 40 ❀ ( Z + U )

Începe de la început
                                    

" သား Tae...... မနက်ဖြန်ကြရင် Appa နဲ့ လိုက်ခဲ့နော် ၀တ်စုံသွားကြည့်ကြမယ်...... "
" ဟင် ဘယ်က ၀တ်စုံလဲ Appa..... "
ရုတ်တရက် မေးရန်ပြုပီးမှ အတွေးထဲ၀င်လာသော ဟိုနှစ်ကောင်ကြောင့် Taehyung မျက်နှာလေး ခဏချင်းပင် နီဆွေးသွားရသည်......
Appa SeokJin ကတော့ မသိမသာ ပြုံးရယ်နေခဲ့၏။
" ကဲ ကဲ ရှက်မနေစမ်းနဲ့..... မနက်ဖြန် သူတို့ကို ပါခေါ်ထားတယ်....တူတူသွားကြတာပေါ့.... "
" ဟာဗျာ Appa ကလည်း.... ဘာလို့ တူတူသွားဦးမှာလဲ..... သူတို့ဘာသာ သွားပစေပေါ့..... "
ဒီတစ်ခါတော့ Taehyung အလိုမကျစွာပင် ရေရွတ်မိသည်.....
ဟိုနှစ်ကောင်နှင့် မတွေ့ဖြစ်ခဲ့သည်မှာ Appa ကိစ္စပြောပီးကတည်းကပင်.....
သူက အရင်လို သွားခြင်း မရှိသလို ဟိုနှစ်ကောင်ကလည်း ရောက်လာခြင်းမရှိခဲ့......
စေ့စပ်ရမည်ဆိုသော အသိနှင့် မျက်နှာပူမည်ဟုသာ တွေးထားကြသည်လော......
ယခုအခြေအနေအရတော့ Taehyung သူတို့အပေါ်ရင်ဆိုင်နိုင်ခြင်း မရှိသေးပြန်......
စိတ်လှုပ်ရှားလာမှုတို့နှင့်အတူ လက်ကလေးနှစ်ဖက်ကိုသာ တဖွဖွပွတ်နေမိ၏။
" ဒါဆို သား Tae အဖော်ရအောင် Jimmine လေးပါ ခေါ်လိုက်မလား...... "
" အွန်း သူ့ကိုပါခေါ်လိုက်မယ် နော်..... "
အနည်းငယ်ပျက်ယွင်းနေသော သူ့မျက်နှာအား သိသည့်အလား Appa က အကြံပေးလာသည်.......
ဟုသည် အနည်းဆုံးတော့ Jimin ရှိနေလျှင် သူအနည်းငယ် မျက်နှာပူသက်သာပေလိမ့်မည်.......
















* Kookie ငါတို့ Hyung ဆီကိုမသွားတာ ကောင်းရောကောင်းရဲ့လား..... ဟိုက စိတ်မဆိုးလောက်ပါဘူးနော်...... *
° ကောင်းပါတယ်ဟ ငါတို့ ဒီလိုနေပေးတာ အကောင်းဆုံးဖြစ်မယ် Tae Tae Hyung ကိုတစ်ယောက်တည်း ပေးနေထားတာ အကောင်းဆုံးပဲ..... °
* Kookie Tae Tae Hyung ကလေ ကျွန်တော်တို့ ကို ချစ်ပါတယ်နော်..... လက်ခံတယ်မဟုလားဟင်...... *
° မင်းကလည်း တုံးလိုက်တာမှ လွန်ရော..... ဟိုက ချစ်လွန်းလို့ ငါတို့ကို ဘယ်လောက်တောင် သ၀န်တိုလိုက်သလဲ....... °
* အေးလေနော အဲ့တာလည်းဟုတာပဲ...... *
° ဒါပေမယ့် မနက်ဖြန်ကျရင် Tae Tae Hyung နဲ့တွေ့ရတော့မှာ..... အဲ့ကြရင်တော့.... ဟဲ ဟဲ..... °
လူယုတ်မာ ရယ်သံကြီးဖြင့် တဟားဟားရယ်နေသော အကိုဖြစ်သူအား ကြည့်ရင်း အငယ်လေးတစ်ယောက် သက်ပျင်းသာခိုးချမိသည်......
ဘယ့်နှယ် ပြောတော့ဖြင့် မတွေ့အောင်ရှောင်မယ်လေး ဘာလေးနဲ့......
သူပဲဖြစ်ပျက်နေ......















Our Baby Hyung  ♡ [ Completed ]Unde poveștirile trăiesc. Descoperă acum