အပိုင်း ၇

Start from the beginning
                                    

ကျွီ

"ရောက်ပါပြီဗျ"

"ဒီကညီလေးတို့လဲမစားရသေးရင်တစ်ခါတည်းစားကြပါလားဗျ"ရတုကမေးလေသည်။

"သွေးသစ် မင်းလဲမစားရသးဘူးမလား"သူခန့်ကခပ်တိုးတိုးမေးသည်။

"အေးဟုတ်တယ် မင်းရောငါရောမစားကြရသေးတာလေ"

"ဒါဆိုသူတို့ကိုအရင်မှာပေးပြီး ငါတို့ကဟိုဘက်ဝိုင်းမှာသပ်သပ်ထိုင်စားကြမလား"

"အေးကောင်းသားပဲ"

"အေး ဒါဆိုမင်းသွားမေးလိုက်"

"ဟင်"

သူပဲသွားမေးတော့မလိုပုံစံလုပ်ပြီးသွေးသစ်ကိုသွားမေးခိုင်းလို့ အာမေဋိတ်သံတောင်ထွက်သွားသည်။

"အေးအေး"

"Waiter!!!"

"ဟုတ် အကိုတို့ဘာသုံးဆောင်မလဲဗျ"

"အကိုတို့မဟုတ်ဘူးဒီကအကိုတွေမှာမှာညီလေး"

"အကိုတို့ဘာသုံးဆောင်မလဲဗျ"

"အကိုက နန်းကြီးသုပ်
အကိုက ထမင်းဆီဆမ်း
ကိုယ်လဲ နန်းကြီးသုပ် အစပ်တွေဘာတွေမထည့်ဘူးနော်"

"ဟုတ်ကဲ့ဗျ ဒီဝိုင်းကိုထမင်းဆီဆမ်းနဲ့နန်းကြီးသုပ်တစ်ပွဲချပေးပါဗျို့ နန်းကြီးတစ်ပွဲက ကလေးပွဲဟေ့"

"ဟင်" ရတုဆီမှထွက်လာသောအသံ

"ဟေ့ကောင်တွေ ငါတို့ဝိုင်းထဲခလေးမှမပါတာဘယ်ကခလေးပွဲကိုပြောတာလဲ"

:ခွီးးး
သူခန့်မနေနိုင်စွာရယ်မိသည်။မြို့သားပီသပါပေတယ်လို့လဲတစ်ခါတည်းမှတ်ချက်ချလိုက်သည်။

"ငါလဲမသိဘူးလေကွာ"ဟိန်းမြတ်ကလဲအူကြောင်ကြောင်လေးဖြေသည်။
ကွန်းကိုမေးတော့လဲနားမလည်သည့်ပုံစံနဲ့ပုခုံးနှစ်ဖက်ကိုပင့်ပြသည်။

"ဒီလိုဗျအကိုတို့"
သူခန့်ကပဲမနေနိုင်စွာရှင်းပြရတော့သည်။

"ကျွန်တော်တို့အညာမှာ ငရုတ်သီးဘာညာမစားတဲ့သူတွေဆိုအသက်ဘယ်လောက်ကြီးတဲ့သူပဲမှာမှာ ကလေးပွဲလို့ပြောကြတယ်ဗျ အဲတာဆိုပြင်တဲ့သူကလဲအလွယ်တကူသိတယ်လေ ထူးပြီးပြောနေစရာမလိုတော့ဘူးခင်ဗျ"

ပုဂံမြေကိုတိုင်တည်၍Where stories live. Discover now