အပိုင်း(11)(Z+U)

2.2K 140 42
                                    


  "ကိုကို ဒီနေ့ အလုပ်မှာ အမှားကြီးကြီးမားမားတစ်
   ခုမှားလာတယ် ကိုကိုကိုယ်တိုင်လုပ်ခဲ့တဲ့ အ
   မှားတော့မဟုတ်ပေမဲ တာဝန်ယူခေါင်းခံထား
   တာက ကိုကိုပဲဆိုတော့ အပြစ်ကလဲ ကိုကို့ဆီ
   ပဲအကုန်ပုံကျလာတာပေါ့ အကျဉ်းချုံးရှင်းပြရ
   ရင် အရေးကြီးတဲ့စာရင်းတွေက သုညပမာဏ
   တွေကွာဟနေတယ် တော်ရုံမဟုတ်လောက်
   တော့ boss ကိုယ်တိုင်လာတာလဲဖြစ်နိုင်
   တယ် တစ်ခါမှ ပွဲမတက်တဲ့ boss က ဒီ
   တစ်ခေါက်ကိစ္စမှာ ကိုယ်တိုင်ရောက်လာတာ
   ကိုယ်လဲလန့်တော့လန့်သွားတယ် အဲ့ဒီမှာပဲ
   boss နဲ့ကိုယ်ညှိယူရတယ် ငွေပမာဏ က
   တအားများတာမို့ ကိုယ်မလျော်နိုင်ဘူး တခြား
   တစ်ခုတောင်းဆိုကြည့်ဆိုတော့ကွာ boss က"

     ပြောလက်စကိုရပ်ပြီး မျက်နှာကိုလက်နှစ်ဖက်
  နဲ့ ခပ်ကြမ်းကြမ်း စိတ်ရှုပ်သလို ပွတ်ချနေတဲ့
  နမ်ဂျွန်းကြောင့် ဂျင် လည်း ကျောကုန်းလေးအား
  ပုတ်ကာ နှစ်သိမ့်ရပါသည် စိတ်ဓာတ်မာတဲ့
  ချစ်ရသူကဒီလိုဖြစ်နေတော့ ဖြစ်လာတဲ့ကိစ္စ
  ကသေးသေးမွှားမွှားမဟုတ်မှန်း ဂျင် လဲရိပ်မိ
  ပါသည်။

  "ဆက်ပြောပါ ငယ်နားထောင်နိုင်ပါတယ်"

      နမ်ဂျွန်း ခေါင်းတစ်ချက်ငြိမ့်ပြပြီးမှ..

  "boss တောင်းဆိုလာတဲ့အရာက ကိုယ်တို့ရဲ့
   ထယ်ထယ်လေးကိုတဲ့ ကိုယ်ဘယ်လိုလက်ခံ
   နိုင်မှာလဲကွာ"

  "ဘာ!! မဖြစ်ဘူးနော် ကျန်တာလက်ခံနိုင်တယ်
   သားလေးကတော့ဘယ်လိုမှမဖြစ်ဘူး"

  "သူတောင်းတာကိုမလုပ်ပေးနိုင်ရင် ကိုယ်တို့
    အိမ်နဲ့ခြံကိုလဲသိမ်းမယ်တဲ့"

  "သိမ်းပါစေ ကိုကိုနဲ့ငယ်ကယောကျာ်းသားနှစ်
   ယောက်ပဲ ဒီလောက်တော့ရအောင် ပြန်ရှာ
   နိုင်ပါတယ်"

  "ငယ် ဒါမင်းအမေပေးခဲ့တဲ့ တစ်ခုထဲသောအမှတ်
   တရလေးနော်"

  "ဒါဆို ကိုကိုက သားလေးကိုပေးပစ်မလို့လား!"

  "မဟုတ်ဘူး ငယ် ကိုယ်က ငယ်ခံစားရမှာစိုးလ်ို့"

     နှစ်ဖက်မိဘတွေအတင်းတားနေတဲ့ကြားက
  မရရအောင် ရှေ့ဆက်ခဲ့တဲ့ လမ်းပဲပေမို့ နှစ်
  ယောက်လုံးရရှိခဲ့တာက အမွေပြတ်စွန့်လွှတ်
  မှုဆိုတာတွေ..ဒါကိုလဲနှစ်ယောက်လုံးကျေကျေ
  နပ်နပ်ကိုလက်ခံပြီး အခက်အခဲတွေကြားက
  တစ်အိုးတစ်အိမ်ထူထောင်ခဲ့တာ ခြွင်းချက်တစ်
  ခုက ဂျင် ရဲ့ မေမေကတော့ ဂျင်ငယ်ငယ်ထဲက
  ဆုံးသွားတာဖြစ်လို့ အရင်ထဲက မေမေပေးခဲ့တဲ့
  အမွေပစ္စည်းလေးတစ်ဖြစ်လဲ တစ်ခုထဲသော
  အမှတ်တရအိမ်လေးဖြစ်နေ၍ ဂျင့်ဖေဖေကတော့
  ပြန်မသိမ်းခဲ့ပါ။

You've reached the end of published parts.

⏰ Last updated: Apr 09, 2023 ⏰

Add this story to your Library to get notified about new parts!

Baby is mine🔞Where stories live. Discover now