အပိုင်း(5)Z+U

11.1K 729 19
                                    


"သား tae လေး ဘာဖြစ်သွားသေးလဲ"

"ဟင့် ပါပါး "

   jin ရောက်လာတာနဲ့ ချက်ချင်းပြေးဖက်တဲ့သား
လေးကြောင့်ဘာများဖြစ်လို့လဲဟုပိုတောင်ထိတ်လန့်
သွားလေသည်

"ဒါခများသားလား ကိုယ့်သားကိုယ်သေချာကြည့်
  ထားလေဗျာ ရှေ့မကြည့်နောက်မကြည့်နဲ့ကားရှေ့
  ပြေးဝင်လာတာ ကျနော်သာ အချိန်မီ မရပ်လိုက်
  နိုင်ရင် ခများသားပဲပိုအထိနာမှာဆိုတာသိလား"

"သိပါတယ် ညီလေးရယ် အကိုလည်းတောင်းပန်ပါ
   တယ် သားလေးက ရုတ်တရက်ထွက်သွားတော့မ
  လိုက်တာပါ "

"ငယ် ငယ်လေး ဘာဖစ်တာလဲ ဟမ်"

"ငယ်မှားတာပါ ဖုန်းလာနေတာနဲ့ သားလေးကိုသေ
ချာမကြည့်ထားမိဘူး တော်သေးတယ် ဘာမှမဖြစ်လို့"

    namjoon ငယ်လေးနဲ့စကားပြောနေရင်း ငယ်
လေးပြောပြတဲ့အနေအထားအရ ရှေ့ကရပ်နေတဲ့
သူက သားလေးပြေးဝင်လာတာကြောင့်တိုက်မိမ
လိုဖြစ်သွားတဲ့ကားပိုင်ရှင်ဆိုတာမှန်းသိလိုက်သည်

"အကိုလည်းတောင်းပန်ပါတယ် နောက်တခါဒီလို
  မဖြစ်အောင်သေချာဂရုစိုက်မှာပါ သားလေးကို အ
  ခုက နှစ်ဦးနှစ်ဖက်လုံးဘယ်သူမှလဲမထိခိုက်တာ
  ကြောင့် အကိုတို့ကိုသွားခွင့်ပြုပါအုံးနော်"

     Jk အရှေ့ကနှစ်ယောက်ရဲ့စကားပြောပုံတွေ
ပုံစံတွေအရ လိင်တူလက်ထပ်ထားတဲ့စုံတွဲဆိုတာ
သိလိုက်သည် ဒီခေတ်မှာဒါတွေဟာမဆန်းတော့
တဲ့အတွက် jk ဘယ်လိုမှမခံစားမိ
တခုပဲသိသည် ရှေ့မှာ ခွေးလေးကိုပိုက်ထားကာ
မျက်နှာလေးကိုအောက်ငုံ့ထားတဲ့ကလေးလေးက
အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာဘဲ..
ဒါတွေထားပါတော့ နာရီကိုကြည့်လိုက်တော့ ငါးနာ
ရီထိုးတော့မည် ဝေးတဲ့အတွက်ကြောင့်ရော ခုပြသ
နာကြောင့်ရော jk ရဲ့ တစ်နာရီနီးပါးအချိန်ဟာ ပုပ်
သွားလေပြီ ဒါကြောင့်ရှည်ရှည်ဝေးဝေးတွေပြောမ
နေတော့ဘဲ

"ဟုတ်ပြီလေ ကျနော်ကလည်း ပြသနာကိုပိုကြီး
  အောင်မလုပ်ချင်ပါဘူး ဒါကြောင့် ကျနော့်ကိုလည်း
  ခွငိ့ပြုပါအုံး"

Baby is mine🔞Where stories live. Discover now