အပိုင်း(1)Z+U

22.4K 1.1K 37
                                    


"တောင်းပန်ပါတယ် တစ်ခါလောက်ဘဲ ချမ်းသာ
ပေးပါ "

တည်ငြိမ်စွာနဲ့တောင်းပန်စကားပြောနေတဲ့လူ
တစ်ယောက် သူသေတော့မှာကိုကြိုသိနေပေမဲ့
မျှော်လင့်ချက်လေးနဲ့ တစ်ခါလောက်တောင်းပန်
မိကြည့်၏ သူ့ ရှေ့က ထိုင်ခုံပေါ်မှာခြေချိတ်ထိုင်
နေတဲ့ သူတို့ရဲ့အညှာအတာကင်းမဲ့တဲ့ ခေါင်း
ဆောင် jeon jungkook
မြေအောက်လောကတစ်နေရာမှာ အဖွဲ့ခေါင်း
ဆောင်တွေအချင်းချင်းတောင် ကြောက်ရတဲ့သူ။

"အဟက်..မသေချင်ရင် အလုပ်ကို ဟာကွက်မရှိ
အောင်လုပ်ရတယ်ကွ အခုတော့ ဘာဖစ်သွားလဲ
အဲ့ပစ္စည်းတွေက အဖိုးတန်တွေ မင်းပြန်လျော်
နိုင်လား ပြောကြည့်တာပါ မင်းပြန်လျော်နိုင်ရင်
တောင် ငါမှာချမ်းသာပေးဖို့ စိတ်ကူးမရှိဘူး"

ပြောရင်း ဘေးခုံပေါ်မှာတင်ထားတဲ့ သေနတ်
ကိုလှမ်းယူပြီးရှေ့ကလူရဲ့ နဖူးတည့်တည့် ကိုချိန်
ထားကာ ရှေ့ကလူကလည်း တုန်လှုပ်မှုမရှိဘဲ
ခံယူဖို့အသင့်ဖြစ်နေသည် jk လက်ညိုးလေးကို
အနည်းငယ်ကွေးလိုက်တော့ ဒိုင်း ဆိုသောအသံ
နှင့်အညီ ရှေ့ကလူဟာလည်းပစ်လဲသွားခဲ့သည်

"ဟား...ဟား...ဟား..တွေ့ကြတယ်နော် အလုပ်
ကိုသေချာမလုပ်တတ်ရင် ဘာဖြစ်မလဲဆိုတာ"

ဘေးနားမှာရပ်နေတဲ့ တပည့်ပေါင်းများစွာသို့
ခြိမ်းခြောက်သလိုသတိပေးလိုက်ပြီး.....။

⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭⏭

ဒီနေ့ တပည့်တစ်ယောက်ရဲ့ $သုံးမကျမှုကြောင့်
Jk စိတ်ညစ်နေ၍စိတ်ပျော်သွားအောင် သူတို့
လောက ကသူတွေအများစုသာလာကြတဲ့
Bar ကိုထွက်လာခဲ့လိုက်သည် bar ရောက်
တော့ အပြင်းစားတချို့မှာယူကာ ဇိမ်ခံသောက်
နေချိန်မှာ လည်ပြတ်အကျီနဲ့ပေါင်းရင်းထိသာရှိ
တဲ့ စကတ်အတို ဝတ်ထားပြီး ပုရိသတွေကို
ဆွဲဆောင်နိုင်တဲ့ ခန္ဓာကိုယ်အချိုးအစားနှင့်ချော
မောနေတဲ့မျက်နှာကတော့ ဆေးဆိုးပန်းရိုက်
တွေကြောင့်
ထိုမိန်းမဟာ jk ဆီသို့ တည့်တည့်လျှောက်လာ
ပြီး ချွဲပျစ်နေတဲ့အသံနဲ့

"Hey! တစ်ယောက်တည်းလား ဒီညအတွက်
အဖော်လိုရင် တို့ရှိတယ်နော်"

Baby is mine🔞Where stories live. Discover now