အပိုင်း(7)Z+U

8.8K 700 110
                                    


    Tae ကျောင်းပိတ်တာမို့ အိမ်မှာအေးဆေးနှပ်နေ
တုန်း ပါပါး က jimin လေးလာတယ်ဟု ပြောပြီး
လာနိုးတာကြောင့် မထချင်ထချင်နဲ့ ထကာ မျက်နှာ
သစ်ပြီး အခန်းထဲက ထွက်လာလိုက်သည် tae အိမ်
ကစ်ထပ်တိုက်လေးမို့ ပါပါးတို့အခန်းနှင့် tae အခန်း
က မျက်နှာချင်းဆိုင် ပြီးတော့ အခန်းထဲကထွက်လာ
ပြီး အနဲငယ်လမ်းလေးလျှောက်လာတာနဲ့ ဧည့်ခန်းသို့
ယောက်လေသည်
ဆိုဖာတစ်ယောက်ထိုင်လေးပေါ်မှာ jimin က ထိုင်
နေပြီး ဖေဖေနဲ့ စကားပြောနေလေသည် ပါပါး က
တော့ မီးဖိုချောင်ထဲမှာချက်ပြုတ်နေသည်

"ထယ်ထယ် မင်းကတော့ ကျောင်းမပိတ်လိုက်နဲ့
  ပိတ်တာနဲ့ ကုလားသေကုလားမော အိပ်မယ်ဆို
  တာချည်းပဲ"

"ဟဲ ချစ်သူငယ်ချင်းလေးကလည်း tae က တခါတ
  လေလေး ကြာကြီးအိပ်မိတာကို "

    အစွမ်းကုန်သွားတွေအကုန်ပေါ်အောင်ပြုံးပြနေ
သော အချစ်ဆုံးတစ်ဦးတည်းသော သူငယ်ချင်းလေး
ကို jimin တကယ် ချစ်ခင်ပါသည် jimin ထက်
ပိုပြီး ကလေးဆန်ကာ အလွန်ဖြူစင်တာကြောင့်
Jimin မှာ သူငယ်ချင်းလိုတမျိုး အကိုကြီးလိုတဖုံ
အမြဲအရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေသည်

"ကဲ ဒါဆိုသားတို့စကားပြောကြ ဦးအလုပ်ကိစ္စသွား
  အုံးမယ် သား jiminie လေးကိုအနိုင်ကျင့်မနေနဲ့
  အုံးနော်"

"ဟီး ဟုတ်ကဲ့ပါ ဖေဖေ တာ့တာ"

"ဟုတ်ပါပြီဗျာ"

   namjoon လည်းသွားခါနီး မီးဖိုချောင်ထဲသို့ဝင်
ကာ ကျောပေးပြီးချက်ပြုတ်နေတဲ့ ငယ်လေးခါးကို
ဖက်လိုက်ကာ မျက်နှာလေးကိုဆွဲလှည့်လိုက်ပြီး
နှုတ်ခမ်းလေးကိုအနမ်းတစ်ချက်ပေးပြီးမှထွက်လာ
လိုက်လေသည်

"ဒါနဲ့ ဘာကိစ္စလာတာလဲ jimin "

"အော် ဘာမှတော့မဟုတ်ပါဘူးကွာ ခုတလောငါက
  လည်းမအားတာနဲ့ မင်းနဲ့ မုန့်အတူမစားဖြစ်တာကြာ
  ပြီလေ အာ့ကြောင့် ခုမုန့်သွားစားဖို့လာခေါ်တာ"

   Jimin က tae ထက်စာလျှင် အနည်းငယ် ငွေ
ကြေးချို့တဲ့သည် မိဘတွေလည်းဆုံးသွား၍ အိမ်မှာ
လည်းတစ်ယောက်ထဲသာနေသည် မိဘတွေပေး
ထားခဲ့တဲ့ အမွေအိမ်လေးမို့သာတော်သေးသည်
မဟုတ်ရင် အိမ်လခကပါထပ်ပြီးပူနေရအုံးမှာ
ဖြစ်သည် tae တို့အိမ်မှာ tae လည်းအဖော်ရ
အောင် jimin လေးတစ်ယောက်ထဲနေရတာ
လည်းဖြစ်တာကြောင့် jin တို့က အိမ်မှာလာနေဖို့
ခေါ်သ်ာလည်းလက်မခံဘဲတစ်ယောက်ထဲသာနေ
လေသည် ဒါမဲ့ နေ့တိုင်းနီးပါးတော့ tae တို့အိမ်လာ
လည်တတ်သည်

Baby is mine🔞Where stories live. Discover now