93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်

Depuis le début
                                    

"ဖေဖေ ပြန်ရောက်ပြီး အဖွားကို တွေ့သွားပြီလား"

ဖြူစင်သော ဂျုံယာဂုသည် အလွန်အရသာရှိလှသည်။ ကြွပ်ကြွပ်သခွားသီးနဲ့စားရင် အရမ်းစားကောင်းတယ်။ မို့ရွှီတုန်းသည် တကယ်ဗိုက်ဆာနေတာကြောင့် အများကြီးစားသည် ။

သူမ ပါးစပ်ကို ဆေးကြောပြီးနောက် ခေါင်းအုံးကို မှီကာ ဗိုက်ပေါ်လက်တင်၍ ကျေနပ်စွာ အနားယူလိုက်သည်။ မိုလန်က စားပွဲကို သန့်ရှင်းရေးလုပ်နေတုန်း မိုလန်ကို မေးတယ်။

"သခင်ကြီးက ဘုရင်ကြီး အမိန့်ပေးစာ မရောက်လာခင်အချိန်မှာ အဘွားအိုကြီးနဲ့ တွေ့ခဲ့တယ်လို့ ကျုပ်ကြားတယ် ၊ ပထမသခင်မလေးကတော့ ဘာဖြစ်သွားမှန်းတောင် မသိသေးဘူး "

မိုလန်က မို့ရွီတုန်း သိချင်တာကို သိတယ်။ သူမသည် အပြုံးဖြင့် မော့ကြည့်လိုက်သည်။

"အစ်မကြီးက ဘာမှ မလုပ်ဘူးလား"

မို့ရွှီတုန်းသည် မျက်ခုံးပင့်ကာ ခေါင်းအုံးနှင့် ပက်လက်လန်ရင်း မိုလန်ကို မှိတ်တုတ်မှိတ်တုတ်ဖြင့် မေးလိုက်သည်။

"ပထမသခင်မလေးက အရမ်းတိတ်ဆိတ်နေတယ်။ ဖုချင်းဥယျာဥ် တံခါးတွေကို တင်းတင်းကြပ်ကြပ်ပိတ်ထားပြီး ဘာမှမဖြစ်ဘူး ၊ မိုစုက တစ်ခါထွက်လာဖူးပြီး ပထမသခင်မလေး ကိုကယ်ဖို့ကြိုးစားရင်း သူ့ကိုယ်သူ ဒဏ်ရာရသွားတယ်လို့ကြားလိုက်ရတယ်။ မိုစုရဲ့ လက်တွေခြေထောက်တွေမှာလည်း ဒဏ်ရာတွေအများကြီးပဲ ၊ ဖုချင်းဥယျာဥ်ကနေ သူမ ဒီတစ်ချိန်ပဲ ထွက်လာတာတွေ့တယ် "

မိုစုက မို့ရွှမ်မင်ရဲ့ အရည်အချင်း အရှိဆုံး အိမ်အကူဖြစ်သည် ။ အရင်က မိုဂျင်လည်း ရှိခဲ့ဖူးသော်လည်း သူမ လျှို့ဝှက်ဆန်းကြယ် ပျောက်ဆုံးသွားပြီးနောက် မိုစု သည် မို့ရွှမ်မင်၏ ခြေလက်များ ဖြစ်လာခဲ့သည်။

"မိုယု၊ မင်းက မိုစုနဲ့ တစ်ရွာတည်းကလား"

မိုရွှီတုန်းက ခေါင်းအုံးတွေကို လှဲလိုက်ပြီး မိုယုကို ပျင်းရိစွာ မေးလိုက်တယ်။ မိုယုသည် အပ်နှင့် ချည်မျှင်များကို ထုတ်ယူကာ ပန်းထိုးရန် ပြင်ဆင်နေသည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းOù les histoires vivent. Découvrez maintenant