Past & Alex

1.1K 129 6
                                    

"ကင်မ် ~ ဘယ်သွားမလို့လဲ "

"ချိန်းထားတာ တစ်ခုရှိတယ် ဂျွန် ELLE  fashion magazine ကချိန်းလာတာမို့ "

"လက်ခံမှာလား "

"လက်ခံဖြစ်ဖို့များတယ် ကျွန်တော်လည်း အလုပ်ကောင်းကောင်းမလုပ်နေတာကြာပြီလို့ ခံစားရနေလို့ "

"မလုပ်ပါနဲ့တော့လည်း ကိုယ်ရှာကျွေးမယ်လေ "

အတည်ပေါက်ကြီးနဲ့ပြောလာတဲ့ဂျွန် ။ ဂျွန်က ဖြစ်နိုင်ရင် သူ့ကို အိမ်ပြင်တောင်ထွက်စေချင်ပုံမရဘူး ။။

"ဟုတ်ပါပြီ နောက်ပေါ့ အခုရော လိုက်ပို့မှာလား "

"အွန်းလိုက်ပို့မှာပေါ့ "

ကားအတွင်း ညိမ့်ညိမ့်ညောင်းညောင်း Jazz music သံလေး ပျံ့နှံ့နေသည် ။ အနည်းငယ် စိုစွတ်နေတဲ့ရာသီဥတုနှင့် သိပ်လိုက်ဖက်သည် ။ ဂျွန်က ကားကို လက်တစ်ဖက်ထဲနဲ့ မောင်းပြီး နောက်လက်တစ်ဖက်က ကင်မ့်ရဲ့လက်ကို ကိုင်ထားသည် ။

"နစ်ဖက်နဲ့မောင်းလေ "

"ကိုယ် ကျွမ်းပါတယ် ကင်မ့်လက်လေးအေးနေမှာဆိုးတယ်  "

" ညကျရင် ဘာလုပ်ကြမလဲ "

"ကင်မ်က ဘာများလုပ်ချင်လို့တုန်း "

"မဟုတ်ဘူး ကျွန်တော်ပြောတာ ဘာစားကြမလဲ "

"‌အွန်းလေ ကိုယ်ကလည်း ဘာတွေလုပ်စားဖို့အစီအစဉ်ကိုမေးတာလေ "

မျက်ခုံးပင့်ပြီး ပြုံးစစနဲ့ပြောနေတဲ့ ဂျွန်ကြောင့် ကင်မ်အနည်းငယ်တော့ ရှက်သွားမိသည် ။ ကင်မ်မှာလည်း ဂျွန်နဲ့ပတ်သက်ရင် Sensitive ဖြစ်လွန်းသည် ။

"Dinner Date ပုံစံလေးနဲ့ အိမ်မှာစားချင်တယ် "

"ကင်မ့်သဘောအတိုင်း အကုန်ဖြစ်စေရပါမယ်ဗျာ "

"မနက်ဖြန် အဖိုးမွေးနေ့နော် အိမ်ဘက်သွားရအောင် "

"ဘယ်ချိန်သွားမလဲ "

"နေ့လည်လောက်သွားကြတာပေါ့ "

"လက်ဆောင်ဝယ်သွားဦးမလား "

"အဖိုးမှာ လိုအပ်ခြင်းဆိုတာမရှိဘူး မဝယ်သွားတော့ဘူး ကျွန်တော်လို့ လာတာနဲ့ ရပါပြီ "

Model Kim's Owner Jeon//Where stories live. Discover now