Start First Date

1.5K 143 42
                                    

ယုံကြည်လို့ရမယ်မလား ဂျွန် ....
အချစ်ကိုယုံကြည်မှာထက်
ဂျွန် ..ကျွန်တော်က ခင်ဗျားကိုယုံကြည်ချင်တာ ....

𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧

" Hello  ! Kim "

"ကျွန်တော်ဒီနေ့အလုပ်ရှိတယ်ဗျ အရေးကြီးတာမို့ ဒီနေ့တော့ ကျွန်တော့်နောက်မလိုက်ပါနဲ့ "

လွန်ခဲ့တဲ့လက Clubကနေ အပြန် ပထမဆုံးအနမ်းကိုယူသွားတဲ့ Jeon Jungkookဆိုတဲ့လူပေါ့ ။ နောက်နေ့မနက်ကတည်းက အမြဲ အလုပ်သွားမယ်ဆိုလည်းလိုက်တယ် ။ Photoshoot အတွက်သွားရင်လည်းလိုက်ခဲ့ပြန်တယ် ။ အမြဲညတိုင်းအိမ်နောက်ကျမှပြန်ရင်လည်း လိုက်ပြီး စောင့်ပို့ပေးပြန်တယ် ။ စကားပြောပြီး သူများတစ်ကာလို အဖြေလိုက်တောင်းနေတာလည်းမဟုတ်ဘူး ။။ သူက ကျွန်တော့်ကို တာဝန် ဝတ္တရားလို လိုက်စောင့်ရှောက်ပေးနေတာ ။

" ဘယ်သွားရမှာလဲ "

"Starlight Company / Magazine အတွက် ဓာတ်ပုံရိုက်ဖို့ "

"မသွားရဘူး ကင်မ် "

"ဟမ် "

ဝတ်နေကြ အမဲရောင်အကျီ ဂျင်းဘောင်းဘီအကြပ်နဲ့ Jeon Jungkook ။ ထူးထူးဆန်းဆန်း ဘာလို့မသွားခိုင်းတာလဲ ။

" ခနပါပဲ အလွန်ဆုံး ၃နာရီလောက်ပဲကြာမှာ "

"အဲ့companyက မကြာခင်ဒေဝါလီခံတော့မှာ ။ ပြီးတော့ အဲ့က မော်ဒယ်တွေကို နာမည်ပျက်ထွက်အောင်လုပ်ချင်နေကြတာ "

"ဖြစ်နိုင်လို့လား "

"ကိုယ့်ကို ယုံပါ မင်းမသွားပါနဲ့ "

မျက်ဝန်းတွေ သူ့ကိုယုံပါဆိုပြီး ကြည့်နေတဲ့ မျက်ဝန်းတွေမှာ .. ကျွန်တော်ကျရှုံးနေပြီ ။ ချစ်တယ်လို့သာ ဝန်မခံသေးတာ ကျွန်တော်ချစ်တာ သူသိနိုင်ပါတယ်။။ တောက်ပတဲ့ မျက်ဝန်းတွေကြောင့် ဒီတစ်ခါလဲ သူ့ဆန္ဒလိုက်လျောမိပြန်ပြီ ။

"အွန်း ဖုန်းဆက်ပြီး ဖျက်လိုက်ဦးမယ် "

" ကိုယ် ကားပေါ်မှာစောင့်နေမယ် "

ထယ်ယောင်း  မန်နေဂျာဟျောင်းကို ဖုန်းဆက်ပြီးဖျက်ခိုင်းလိုက်သည် ။ ဟျောင်းကတော့မရဘူး ပြောနေပေမယ့် မတတ်နိုင်ပါ ။ Kim Taehyungကဆုံးဖြတ်ချက်ချပြီးရင် ပြင်တတ်တဲ့သူမှမဟုတ်တာ ။ ထယ်ယောင်း‌ပြောပြီး ကားပေါ်တက်လိုက်တော့ ဆေးလိပ်သောက်နေတဲ့ ဂျွန် ။

Model Kim's Owner Jeon//Where stories live. Discover now