He be mine

1.3K 117 20
                                    

မနက်စောစော‌တွင် နေရောင်ခြည်နုနုဟာ ကမ်းခြေတွင် ဖြာကျလျက် ။ မိသားစု ၊ အတွဲတွေ ကိုယ်စီဟာလည်း မနက်နေပူစာခံရင်း လမ်းလျှောက်နေကြသည် ။ ထိုအထဲမှ ချစ်သူဖြစ်ခါစ ကောင်လေးနစ်ယောက်လဲ သေချာပေါက် ပါဝင်သည် ။

ဂျွန်ဟာ ကင်မ့်လက်ကို ကိုင်ထားရင်း တစ်လောကလုံး အပိုင်စားရထားသည်နယ် ပြုံးနေသည် ။ ကင်မ့်မှာတော့ ဂျွန်ကို ကြည့်ရင်း ခေါင်းခါရပါသည် ။

"အချေ image တွေပျက်ကုန်ပြီနော် Jeon Jungkook shi "

"ဘာဖြစ်တုန်း ကိုယ်ကောင်လေးနဲ့အတူ ပြုံးတာ "

"အခုလိုကြတော့လည်းလေ ခပ်တည်တည်နဲ့ လူကြီးကို လွမ်းသား "

"ကင်မ် ကိုယ်က ကင်မ့်အတွက်ဆို ကြိုက်သလို ပုံစံပြောင်းပေးနိုင်တယ်နော် "

"စတာပါဗျာ လူကြီးက အပေါကြီးဖြစ်လဲ ကျွန်တော်ချစ်ပြီးသားပါ "

ထိုစကားကို ကင်မ်ဟာ အနည်းငယ် ရယ်ချင်သောအသံလေးဖြင့်ပြော၏ ။ တစ်ကယ်တော့ သူရဲ့အပြုံးတွေက ကင်မ်နဲ့မှ ပြန်ဖြစ်ပေါ်လာတာကို ကင်မ်မသိတာလား ။

"ဂျွန် Selca လေးရိုက်ရအောင် "

"ကောင်းပြီလေ ကိုယ့်အပိုင်လေးက ရိုက်ချင်တော့လည်း "

"အပြောကနော် "

ကင်မ်နဲ့ဂျွန်ဟာ အရှေ့အရပ်ကို မျက်နှာမူလိုက်ကြသည် ။ natural lighting လေးပေါ့ ။ ကင်မ်ဟာ ဂျွန့်ကို ကြည့်နေတဲ့ပုံတစ်ပုံ ။ ပါးချင်းကပ်ထားတဲ့ပုံလေးတစ်ပုံ နှင့် ဂျွန်က ကင်မ့်ပါးလေးကို နမ်းနေတဲ့ပုံ သူတို့ရဲ့ လှပတဲ့ ပုံလေး သုံးပုံရခဲ့သည် ။

"ဗိုက်ဆာပြီလား ကင်မ် "

"အွန်း သွားစားရအောင်လေ "

သူတို့နစ်ယောက်အတူတူ ဝါးလေးတွေနဲ့ ပြုလုပ်ထားတဲ့ ရိုးရာ စားသောက်ဆိုင်လေးဆီ သွားကြသည် ။ ဂျွန်ကပဲ သွားမှာပေးမယ် ဆိုတာကြောင့် ကင်မ်က ထိုင်ပြီး ဖုန်းသုံးနေသည် ။

*ပုံလေးတင်ရင်ကောင်းမလား *

*Flower Flower Flower ! Bono bonoyar *(phone ringtone)

ထယ်ယောင်းပုံတင်ရန် စဉ်းစားနေတုန်းပင် သူဆီသို့ ဖုန်းဝင်လာခဲ့သည် ။ Contact nameမှာရေးထားတာက / KKK villa - GP / တဲ့ပင် ။ထယ်ယောင်းဖုန်းကိုင်လိုက်ပြီး တစ်ဖက်လူပြောတာကို နားထောင်လိုက်သည် ။

Model Kim's Owner Jeon//Where stories live. Discover now