16 • ချယ်ရီကြွေသော် | ခ်ယ္ရီေႂကြေသာ္

Depuis le début
                                    

မင်ဟို ပြန်လာမှာကို သူ ယုံပါတယ်။

ဒါ့အပြင် ထပ်တူကျတဲ့ ရင်ခုန်သံတစ်စုံ တဖြည်းဖြည်း နီးစပ်လာတာကိုလည်း သူ ခံစားမိပါတယ်။

×××

ပတ်ဝန်းကျင်ဟာ သိသိသာသာ ဆူနေတယ်။
ပုံမှန်အိပ်ရာထချိန်ထက် စောစွာ ဂျီဆောင်း နိုးလာခဲ့တယ်။

ဆူနေတဲ့အကြောင်းအရင်းကို သိလို၍ ပြတင်းပေါက်မှ လှမ်းကြည့်မိသည်။ ကလေးများမှစ၍ မိန်းမပျိုဖြန်းလေးများအထိ ပျော်မြူးနေကြသည်။ သူတို့လက်ရှိ ခြင်းမှာလည်း ချယ်ရီတွေ ​အပြည့်။

ဂျီဆောင်း အိမ်အပြင်သို့ ခပ်သုတ်သုတ် ပြေးထွက်လာမိသည်။ သူ နေ့စဥ်ရက်ဆက် ရပ်ငေးခဲ့တဲ့ ချယ်ရီပင်ကြီးဟာ ကြွေဆင်းခြင်း အလှတရားတို့ဖြင့် ခြုံပုဝါလဲနေပြီ။

"ချယ်ရီတွေ"

"ကြွေနေပြီ"

မိမိစကားကို ဆက်ပြောသူအား ဂျီဆောင်း လှမ်းကြည့်မိတော့ ချယ်ရီပင်နောက်မှ ထွက်လာတဲ့ ထိုလူဟာ မိမိအား နှစ်လိုဖွယ်အကောင်းဆုံး ပြုံးပြသည်။

အဖြူရောင်ဝတ်စုံကို ​ဆင်မြန်းထားတဲ့ ထိုလူဟာ ချယ်ရီပင်အောက်မှာ ကဗျာဆန်စွာ မှင်သက်စရာကောင်းနေသည်။

"မင်ဟို.... "

ရေရွတ်မိသော ခေါ်သံနာမည်လေး ပြီးဆုံးချိန်မှာ သူ့ခြေလှမ်းတွေကတော့ မင်ဟို့ရှေ့မှာ အဆုံးသတ်သွားခဲ့ပြီး ဖြစ်၏။

"အင်း၊ ကိုယ်ပါ။"

ဂျီဆောင်း ပြုံးမိသည်။ သူ ပြောသားပဲ။
မင်ဟိုဟာ သူ့အတွက် သေချာပေါက် ပြန်လာမှာပါလို့။

အဲ့ဒီနောက် သူတို့ ဘာစကားမှ ဆက်မပြောဖြစ်ကြ။
ဒီတိုင်း တစ်ယောက်ကိုတစ်ယောက် ပြုံးပြီးသာ ငေးနေမိကြသည်။

ချယ်ရီတွေဟာ ဆက်ကြွေနေသလို၊ ရင်ခုန်သံတွေဟာလည်း သက်ဆိုင်သူထံပါး တစိမ့်စိမ့်သက်နှင်းနေခဲ့သည်။

×××

ဖတ်နေတဲ့စာအုပ်ကို ဆွန်းမင် စားပွဲပေါ်သို့ ချလိုက်သည်။ ဆက်ဖတ်၍လည်း ရတော့မည်မှ မဟုတ်ဘဲ။

စိတ်အနှောင့်အယှက်ဖြစ်စွာ စုတ်တစ်ချက်သပ်မိသည်။
နန်းတော်ဟာ သည်ကနေ့ သိပ်ကို ဆူနေသည်။

The Portrait : King's Beloved • 황승Où les histoires vivent. Découvrez maintenant