"ဂျီမင်ဟျောင်း ကယ်ပါအုန်း"

"အေး လာပြီကွ"

ဂျီမင်ရီမောနေရင်းမှ ထယ်ယောင်းတို့ညီအကိုနောက်ပြေးလိုက်ရလေသည်။သဲသောင်တလျှောက်ပြေးဆော့နေသော သူတို့တတွေကို ဖေဖေကတော့ တပြုံးပြုံးဖြင့်ကြည့်ကာ နောက်မှဖြေးဖြေးချင်းလိုက်နေလေသည်။

🍀🍀🍀🍀🍀🍀🍀

"ငါဒီကုတင်ယူမှာ"

"မယူဘူး မင်းကငါ့ထယ်ငယ်တယ် အောက်ဆင်းအိပ်"

"အိပ်စရာလား မင်းကပ်ဖဲ့မပြောနဲ့ပတ်ဂျီမင်"

အတော်အတန်ကျယ်သော ကုတင်နှစ်လုံးပါသည့်အခန်းကို ဖေဖေကသူတို့နှစ်ယောက်အတွက်ငှားပေးထားပေမဲ့ ထယ်ဆောင်းကသူတို့နဲ့လာနေချင်သည်ဟု ဆိုသဖြင့် ကုတင်တစ်လုံးကိုငှားပေးလိုက်ရသည်။ထို့ကြောင့် ကျန်သည့်တလုံးကို သူနှင့်ဂျီမင်လုနေကြခြင်းဖြစ်သည်။

"ဟီးဟီးဟီး"

"ရီမနေနဲ့"

ကုတင်လုနေသော သူတို့နှစ်ယောက်ကို ထယ်ဆောင်းကကြည့်ကာရီလျှင် နှစ်ယောက်သားပြိုင်သူလှည့်အော်လေသည်။

"ဟားဟားဟား ဟျောင်းတို့ကြည့်ရတာ သူငယ်ချင်းနဲ့ကိုမတူဘူး"

"ဘာ!"

"သူငယ်ချင်းနဲ့မတူလို့ဘာနဲ့တူရမှာလဲ"

ကုတင်လုနေရင်းမှ နှစ်ယောက်သားထယ်ဆောင်းစကားကြောင့် ဘုတော,တောလိုက်သည်။

"အောက်မှာအိပ် ကင်ထယ်ယောင်း"

"မအိပ်ဘူး ဒီမှာပဲအိပ်မှာ"

"ဟားဟားဟား ပြောရင်ကြမကြိုက်ဘူး တကယ်သူငယ်ချင်းနဲ့ကိုမတူဘူး ဟာ!"

"သူငယ်ချင်းနဲ့မတူလို့ ဘာတူရမှာလဲ ဘုန်း!"

ကင်ထယ်ယောင်းက သူ့ညီကိုလှိမ့်အော်ကာ ခေါင်းအုံနဲ့ကောက်ပေါက်တော့သည်။

"ဟားဟားဟား မပြောတတ်ဘူးဟျောင်း ဟျောင်းတို့ကတခါတခါ ဖေဖေနဲ့မေမေတို့လိုပဲ"

"ဟင်"

"ဘာ!"

သေသေချာချာနားလည်အောင် မပြောပြတတ်သောဆက်ဆံရေးကို ထယ်ဆောင်းက သူမြင်နေကြမိဘနှစ်ပါး၏ဆက်ဆံရေးနှင့်နိူင်းယှဉ်ပြသဖြင့် နှစ်ယောက်သားထအော်မိသည်။ထယ်ယောင်းက နဂိုရှက်တတ်သောဂျီမင်အား အလျင်အမြန်လှည့်ကြည့်လိုက်လျှင် ထင်သည့်အတိုင်း ဂျီမင်မျက်နှာကရဲတတ်လာနေသည်။

FLASHBACKDove le storie prendono vita. Scoprilo ora