part - 23

4.1K 103 1
                                        

Zaw gyi

★ သားdadyကမာဖီးယား ★

အပိုင်း(၂၃)
♡.~~~~~•♡

ခါတိုင်း...​မနက်​7ခွဲ​လောက်​မှအိပ်​ယာထတက်​တဲ့ဖန်​သား...အိပ်​ယာ​စော​စောထပြီး...မျက်​နှာသစ်​..အဝတ်​စားလဲကာ...အလှပင်​ပြင်​ဆင်​​နေ​လေပြီ။
"သား...
အ​စောကြီးနိုး​နေတာလား...
ကိုယ်​က..မနိုး​သေးဘူးထင်​​နေတာ.."

အခန်းထဲဝင်​လာသည်​နှင့်​...မှန်​တင်​ခုံ​ရှေ့မှာ..မြင်​ဆင်​​နေတဲ့သားဆီကို​လျှောက်​သွားကာ...​ခေါင်း​လေးကိုဖွဖွပွတ်​ရင်း...
"အလှ​တွေပြင်​​နေတာပဲ.."

နှုတ်းခမ်းနီ​ဖျော့​ဖျော့​လေးကို...နှုတ်​ခမ်းမှာဆိုးပြီးတဲ့​နောက်​မှန်​တင်​ခုံ​ပေါ်ပြန်​တင်​ပြီး...

"သား...dadyနဲ့အတူ..
အ​မေရိကားကိုလိုက်​မလို့..."

ရုတ်​တရက်​ကြားလိုက်​ရတဲ့စကား​ကြောင့်​...ဗိမ္မာန်​ရဲ့မျက်​ခုံးတန်း​တွေပင်​ပင့်​တက်​သွားရပြီး...

"ကိုယ်​တို့..ညကသ​ဘောတူထားတယ်​​လေခ​လေး​လေး..
ခရီးက...သိပ်​အန္တရာယ်​များတယ်​.."

"ဟင့်​အင်း....မသိဘူး...
အန္တရာယ်​များလည်းသားဂရုမစိုက်​ဘူး.
သား..အ​မေရိကားကိုလိုက်​ချင်​တာပဲသိတယ်​.."

"ကိုယ်​​​ပြော​နေရတာက..
ခ​လေးအတွက်​ပါပဲ...
ကိုယ်​ခ​လေးကိုစိတ်​ပူလို့ပါ..
ခ​လေးအ​မေရိကားကိုအလည်​သွားချင်​ရင်​.
နောက်​တစ်​ခါ...ကိုယ်​အလည်​သက်​သက်​လိုက်​​ပို့​ပေးမယ်​...
နော်​..."

"အဲ့ဒါဆို...သား..
ဒီ​နေ့...မြို့ထဲကို...
ဈေးဝယ်​ထွက်​ချင်​တယ်​.."

"ဘယ်​လိုရမလဲခ​လေးရယ်​..
ကိုယ်​​ပြောပြီးပြီ​လေ...
တိုကျိုမြို့က..ခ​လေးအတွက်​အန္တရာယ်​ဇုန်​ပါလို့..
မဖြစ်​ဘူးခ​လေး...လုံးဝကိုမဖြစ်​ဘူး.."

"ဗုန်း.."
"dady..."
မှန်​တင်​စားပွဲ​လေးကိုဗုန်းကနဲပုတ်​ပစ်​ပြီး...​ရေရွတ်​လိုက်​တဲ့အသံစွာစွာ​ကြောင့်​...ဗိမ္မာန်​ရင်​ထဲနင့်​ကနဲဖြစ်​သွားသည်​။
ဖန်​သား...ထိုင်​​နေရာမှထရပ်​လိုက်​ပြီး..
"ဟိုဟာလည်းမရဘူး..
ဒီဟာလည်းမရဘူးနဲ့..
ဖန်​သားကိုချစ်​တယ်​ဆိုတာကဘယ်​မှာလဲdady.."

သားdadyကမာဖီးယား (Complete)Where stories live. Discover now