part - 2

9.8K 213 1
                                        

Uni

★ သားdadyကမာဖီးယား ★

   အပိုင်း(၂)
♡.~~~~~•♡

စာကျက်​​နေရင်းအိပ်​ချင်​လာသဖြင့်
အခန်းအပြင်​ ဝရံတာဆီကိုထွက်​လာဖြစ်​သည်​။
စာအုပ်​​လေးကိုတစ်​ဖက်​​ခေါက်​ပြီးကိုင်​ရင်းမှ ဦး​လေးကြီးတို့အိမ်​ဘက်​ကိုလှမ်းကြည့်မိ​သေးသည်​။
မီး​ရောင်​ထိန်းထိန်​ညီး​အောင်​ဖွင့်မထားဘဲ မှိန်​ပြပြ​လေးသာဖွင့်ထားသည့်
အိမ်​ကြီးက ​ကျောချမ်းစရာ​ကောင်းလှ​ပေမယ့် ဦး​လေးကြီးကို​တွေ့လို​တွေ့ညား
ကြည့်​နေမိတာပင်​။
"သား...မအိပ်​​သေးဘူးလား "
လှမ်းကြည့်​နေခိုက်​ ဝရံတာဆီကိုလှမ်းကြည့်လာရင်း ပါပါက​မေးလာခြင်း။

"အိပ်​​တော့မှာပါ ပါပါ "
အိမ်​ထဲပြန်​ဝင်​ဖို့ပြင်​လိုက်​​ပေမယ့်
ပါပါက ဖန်​သားရဲ့​ရှေ့ပိတ်​ရပ်​လာပြီး.
"ဒီ​နေ့ ဟိုဘက်​အိမ်​ကိုသားသွားခဲ့တယ်​ဆို"

ထိုအ​မေးစကား​ကြောင့် ဖန်​သားနှုတ်​ခမ်း​လေးကိုမဲ့ပစ်​လိုက်​ရင်း..
"မာမာတိုင်​လိုက်တာပဲ"
တီးတိုးသာ​ရေရွတ်​လိုက်​သလို
မျက်​နှာ​လေးကိုဆက်​ကနဲ​မော့ပစ်​ရင်း
ပါပါ့မျက်​နှာကို​သေချာကြည့်ကာ..
"ဟုတ်​တယ်​ သားသွားတယ်​
ဒါ​ပေမယ့် သားတမင်​သွားတာမှမဟုတ်​တာ
မာမာရိုက်​လို့ထွက်​​ပြေးရင်း
အဲ့ခြံတံခါးက ပွင့်​နေလို့ဝင်​သွားဖြစ်​တာ"
ထိုအခါမှ ပါပါမျက်​နှာမှာ စိတ်​မ​ကောင်းခြင်းရိပ်​​ယောင်​​တွေ​ပေါ်လာပြီး..
"သား ​တော်​​တော်​နာသွားလား "

"မနာပါဘူးပါပါရဲ့
မာမာရိုက်​တာအထူးတဆန်းမှမဟုတ်​တာ
သားအ​ရေထူ​နေပါပြီ"

"​နောက်​ထပ်​ အဲ့ဒီအိမ်​ကိုမသွားရဘူး​နော်​သား "

"ဝှါး...သားအိပ်​​တော့မယ်​
အိပ်​ချင်​လာပြီ
ပါပါလည်းအိပ်​သင့်ပြီ
အလုပ်​ကလည်းပင်​ပန်းတယ်​
good Nightပါပါ"

ဖန်​သားရဲ့​ဦး​ခေါင်း​လေးကိုအုပ်​ကိုင်​ကာတားဆီးလာတဲ့စကားကို​တော့
ဖန်​သားမသိကျိုးကျွံပြုကာ အခန်းထဲပြန်​ဝင်​ဖြစ်​ခဲ့သည်​။
အ​ကြောင်းအရင်းက​တော့
ဖန်​သား ဦး​လေးကြီးဆီကို
​နောက်​ထပ်​အကြိမ်​​ပေါင်းများစွာသွားအုံးမှာမလို့ပဲ။
ဟိ ဦး​လေးကြီးက
စိတ်​ထားလဲ​ကောင်းတယ်​
​ချောလည်း​ချောတာကို
ဖန်​သားကြည့်​နေကျ Koera drama​တွေထဲကမင်းသား​တွေ​တောင်​
ဦး​လေးကြီးကိုယှဉ်​နိုင်​မှာမဟုတ်​ဘူး။
~~~~~~~~~~~~~~~~~•♡ ♡ ♡ ♡
မှန်​ပြတင်း​ပေါက်​ဆီက​နေ တစ်​ဖက်​အိမ်​ရဲ့ဝရံတာမှ အရိပ်​​လေးက ​ပျောက်​ကွယ်​သွားရ​တော့မှလိုက်​ကာစ​တွေကိုချပစ်​သည်​။
ဗိမ္မာန်​ရဲ့​​ကျောဘက်​မှဒဏ်​ရာကို​ဆေးထည့်​ပေး​နေတဲ့ဂန်​ဒါက ​ပတ်​တီးပြန်​စီး​ပေးပြီး​ဆေး​သေတ္တာကိုသိမ်းလိုက်​သည်​။
"ဂိုဏ်းချုပ်​ဖုန်းဆက်​တယ်​
၁လအတွင်းဒဏ်​ရာကိုအမြန်​​ပျောက်​​အောင်​လုပ်​ပါတဲ့
​သခင်​​လေးကို ​​နောက်​လထဲမှာ
ဂိုင်းချုပ်​​နေရာလွှဲအပ်​ဖို့အချိန်​ကျ​ရောက်​
ပြီတဲ့
​နောက်​ထပ်​မှာလိုက်​တာက
သခင်​​လေးကို ဒီတစ်​လအတွင်းမှာ
တစ်​ခြားသူစိမ်း​တွေနဲ့မပတ်​သတ်​​စေဖို့မှာလိုက်​ပါတယ်​"

သားdadyကမာဖီးယား (Complete)Место, где живут истории. Откройте их для себя