part - 22

4.4K 105 0
                                        

Zaw gyi

★ သားdadyကမာဖီးယား ★

   အပိုင်း(၂၂)
♡.~~~~~•♡

"​ခေါင်း​ဆောင်​ကိုသတင်းပို့ပါတယ်​.."

ဇာမဏီဂိုဏ်း​ခေါင်း​ဆောင်​...တာချာဂိုကို..ကိုယ်​​လေးညွှတ်ကာအရိုအ​သေပြုလိုက်​သည့်​ဂိုဏ်းသားတစ်​​ယောက်​။

"ဒီ​နေ့မနက်​ပဲ...​လေ​ဆိပ်​ကိုဆိုက်​​ရောက်​လာတဲ့​လေယာဉ်​မှာ...
၈နှစ်​​လောက်​​ပျောက်​သွားခဲ့တဲ့..
Sunရဲ့သက်​​တော်​​စောင့်​သုံး​ယောက်​နဲ့အတူ..
မိန်းမပျို​လေးတစ်​​ယောက်​ကို​တွေ့လိုက်​ပါတယ်​..."

သတင်း​ကောင်းကိုကြားလိုက်​ရတဲ့အချိန်​မှာ​တော့...တာချာဂိုရဲ့အကြည့်​​တွေက..ပိုစိတ်​ဝင်​စားသွားဟန်​ရှိသည်​။

"မင်းထင်​လား..
အဲ့ဒီက​လေးက....ငါတို့ရှာ​နေတဲ့က​လေးဆိုတာ.."

"အဲ့ဒီက​လေးကို...
ကာ​ဆာတို့က...တ​လေးတစားဆက်​ဆံတာကိုမြင်​​တွေ့ခဲ့ရတယ်​..
အဲ့ဒီက​လေးက..
ကျွန်​​တော်​တို့ရှာ​နေတဲ့က​လေးဆိုတာ
90%​လောက်​​သေချာ​နေပါတယ်​​ခေါင်း​ဆောင်​..."

စကားရဲ့အဆုံး..တာချာဂိုရဲ့နှုတ်​ခမ်းတစ်​စုံက..အလိုကျစွာပြုံးလိုက်​သည်​။

"Sunက..
အဲ့ဒီက​လေးကိုအပြင်​​ပေးထွက်​မှာမဟုတ်​ဘူး
သူ..​သေချာဝှက်​ထားနိုင်​ခဲ့ပြီး..
လှလှပပကြီးပြင်း​စေခဲ့တာပဲ..
ဒါ​ပေမယ့်​...ငှက်​တစ်​​ကောင်​ဟာ..
လှောင်​အိမ်​ထဲမှာ...
ဘယ်​​လောက်​ကြာကြာ​နေချင်​မှာလဲ..
Hellfireစံအိမ်​ကို...ခပ်​​ဝေး​ဝေးက​နေ​စောင့်​ကြည့်​ထား..
အဲ့ဒီက​လေး..အပြင်​ထွက်​မဲ့ရက်​ကရှားမှာ​သေချာတယ်​..
သူအပြင်​ထွက်​လာတဲ့​နေ့မှာ..
ငါတို့လက်​စား​ချေ​မှုကိုအပြီးသတ်​ဖို့လိုတယ်​..."

"ဟုတ်​ကဲ့ပါဂိုဏ်းချုပ်​..."
Sun..
အဲ့ဒီက​လေးကို..မင်းဘယ်​​လောက်​ဝှက်​ထားနိုင်​​သေးလဲ..။
~~~~~~~~~~~~~~~~~~~•♡ ♡ ♡
"dady....မအိပ်​​သေးဘူးလား.."

"အင်း...သား​ရော..မအိပ်​​သေးဘူးလား.."
စာအုပ်​ကို​ခေါက်​လျက်​ဖတ်​​နေရင်းမှ..
dady​ရောက်​လာသည်​​ကြောင့်​ပင်​။
"စာ​ဖတ်​တာအရှိန်​​လေးရသွားလို့ပါ..
ခဏ​နေအိပ်​​တော့မှာ.."

သားdadyကမာဖီးယား (Complete)Where stories live. Discover now