91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်

Beginne am Anfang
                                    

ရှိန်း မိသားစုအတွက် အထူးအဆန်းတော့ မရှိပါဘူး။ မြို့တော်ကိုရောက်ပြီးနောက် သူတို့ရင်းနှီးတဲ့ မိသားစုအနည်းငယ်နဲ့သာ ဆက်ဆံကြပြီး၊ လူတိုင်းဆီ လာရောက်လည်ပတ်တဲ့ ယုမိသားစုနဲ့ မတူပါဘူး "

ဘဏ္ဍစိုးဝမ်က အစီရင်ခံသည်

" မင်း ဒီကိစ္စကို နှောက်ယှက်နေစရာ မလိုပါဘူး။ ဒီအလှတရားက ဘယ်သူနဲ့ ပတ်သက်လဲဆိုတာသာ လိုက်ရှာပါ "

သူက ပျင်းရိစွာ ခေါင်းညိတ်ပြပြီး စားပွဲ မျက်နှာပြင်ပေါ် ဆွဲတင်ကာ အဓိပ္ပါယ်ရှိစွာ ပြောသည်

" ဟုတ်ကဲ့ " ဘဏ္ဍစိုးဝမ်က နားလည်​ပြီး မထွက်​ခင်​ ပြန်​​ဖြေသည်​။

သူ့နောက်တွင်ရှိသော ရှန်းခန် ချဉ်းကပ်လာသည်။ သူက ဦးညွှတ်ရင်း ဆိုလေသည် ။

"မင်းသား မျှော်လင့်ထားတဲ့အတိုင်း လက်ဝဲမြို့တွေကို ဆင်ဆာဖြတ်တဲ့ရာထူးက ချင်းရှောင် ဆီကိုရောက်သွားနိုင်တယ်။ ဧကရာဇ်မင်းက သူ့ကိုတောင် ဖြောင့်မတ်မှန်ကန်ခြင်းအတွက် ဆုချဖို့ အမိန့်ထုတ်ပြန်ခဲ့တယ် ။ သူ့အား "တရားမျှတမှု" ဟူသော လက်ရေးလှလေးတစ်ပိုင်းပင် ပေးခဲ့သည်။ ဧကရီ ပံ့ပိုးပေးသော လင်းမိသားစုက ယခုကစားပွဲမှ ထွက်သွားပြီဟု ကျွန်တော် ထင်ပါတယ်။ သူတို့က အစီရင်ခံစာကို တင်သွင်းကြပေမဲ့ ဧကရာဇ်မင်းကြီးက အေးစက်စွာရယ်မောကာ ဖတ်ပြီးနောက် ဘေးဘက်သို့ ပစ်ချလိုက်တယ် ။ထိုအကြောင်းကို သူဘာမျှ ထပ်မပြောတော့ဘူး "

" ဧကရီရဲ့ လက်လှမ်းက အရမ်းရှည်တာပဲ ၊ခမည်းတော်က ၎င်းအတွက် သဘာဝအတိုင်း စိတ်မချမ်းသာဖြစ်ပေလိမ့်မည်။ လင်းမိသားစုက နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်ကူညီခဲ့သော အဓိကမိသားစုလေးခုထဲမှ တစ်ခုဖြစ်ပြီး ဧကရီမိသားစုလည်းဖြစ်တယ် ။

သူမက တရားရုံးမှာ ကောလာဟလတွေကို သက်သေပြချင်သလား?????

ဧကရီက ထိုကိစ္စအပြီး ကျုပ်ကို ဖြေသိမ့်ဖို့ သတိရရန်မှာ ရှားပါတယ် ။ ဒါပေမဲ့ သူက ကျုပ်ကို နှစ်သိမ့်ပေးဖို့ လက်ဆောင်တွေတောင် ပို့ပေးတယ်။ ကျုပ်ကို လက်ဆောင်ကြီးကြီးပေးပြီး အိမ်မှာချုပ်ခံထားရလို့ ကိုယ်တိုင် မတွေ့နိုင်ခဲ့ဘူးလို့ ပြောသေးတယ် ။ ဘုရင်မင်းမြတ်က ကျုပ်ကို လွှတ်လိုက်တာနဲ့ သူ့ကို ကျေးဇူးတင်ဖို့ နန်းတော်ဆီ ကိုယ်တိုင်သွားရမယ်။ "

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWo Geschichten leben. Entdecke jetzt