The Great El Dorado (Episode-7)

Start from the beginning
                                    

ထိုရောက်တော့ Tao သတိပြန်လည်လာသည်။

သူတို့နှစ်ဦး စကားတီးတိုး ပြောဆို တိုင်ပင်လိုက်ကာ လင့်စင်ပေါ်ပြန်နက်သွားသည်။

=========================

ကျား နှင့် Baek တို့ ရုန်းရင်းဆန်ခတ် တိုက်ခိုက်နေကြသည်။

Kai : yrrrr! Chanyeol ဘာ ကြောင်ကြည့်နေတာလဲ။ ပစ်လေကွာ။

ထိုစဉ် Baek ဆီမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။

Chanyeol လန့်သွားပြီး ချက်ချင်း သေနတ်မောင်းတံကို ချိန်လိာက်သည်။

' ဒိုင်း .................. '

သေနတ်သံသည် တစ်တောလုံး ဆူညံသွားလေတော့သည်။

ထို့နောက် အားလုံး ဓာတ်မီးနှင့် ထိုးကြည့်လိုက်ရာ အမှန်တကယ် Lay မဟုတ် ကျားကြီး ပင်တည်း။

Baek ကား သွေးအိုင်ကြီးထဲတွင် လဲကျလျက်။

Yeol : Baek ရေ ငါမှားသွားပြီ ငါ့ အချစ်ဆုံး သူငယ်ချင်းကို ဒီခရီး ခေါ်လာမိတာ ငါ့အမှားပါကွာ

Yeol က သစ်ပင်ကို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လျက် တည်ထိုးတော့လေသည်။

ခွပ်

Yeol : ငါ ဘာမှ အသုံးမကျပါလား

ခွပ်

Yeol : ငါ မှားသွားပြီ

ခွပ်

Kai : တော်တော့ ဟေ့ကောင် လွန်မယ်

Kai က Yeol လက်ကို ဖမ်းချုပ်လိုက်သည်။

Yeol လက်မှာ သွေးခြင်းခြင်းနီလျက် .........

Yeol : Yrrrr! Kai ငါ့ကို လွှတ်ကွာ ငါက တကယ်တော့ သေသင့်တဲ့ လူပါ သေသင့်တဲ့ လူပါကွ

Luhan : Yeol စိတ်လျှော့ပါကွာ

D.O နှင့် Suho ကတော့ Baek အနီးတွင် တစ်ယောက်ကို တစ်ယောက် ဖက်ထားလျှက် ငိုနေကြသည်။

ထိုစဉ် .........

ပတ်ဝန်းကျင်တစ်ခွင်လုံး လင်းလာသည်။

အားလုံး အံ့သြနေကြစဉ် အိုးစည် ဗုံမောင်းသံ များကို ကြားရပြန်သည်။

Yeol : ဟာ ဟို တစ်ခါက လို အသံမျိုးကြီး ကြားနေရတယ် ဟိုးတစ်ခါတုန်းကလဲ ဒီလို အသံကြီး

Kris : အေးဟ အိုးစည် ဗုံမောင်းတီးသံ ကြားရတယ်။

ယခုအခါတွင်မူကား အသံက ပိုကျယ်လာသလို အားလုံးလည်း ကြားနေရသည်။

အသံကြီးက ပို၍ နီးလာသည်နှင့်အမျှ ပတ်ဝန်းကျင်သည် ပိုမိုလင်းလာသည်။

ထိုအချိန်တွင် အသံလာရာအရပ်မှ မီးခိုးငွေ့များ ပျံ့လွင့်လာကာ ထိုအငွေ့များကို ရှူမိသော Chanyeol တို့ခမျာ ခေတ္တသတိမေ့ကြကုန်တော့၏။

TBC

Thank you very much for your time and reading.

90° Bow To My Readers

The Great El DoradoWhere stories live. Discover now