ချစ်​​သော​လေးကဆီကရခဲ့​သောပန်းနု​ရောင်​လက်​ကိုင်​ပုဝါက​​လေးသည်​​တော့ ထာဝစဉ်​မြတ်​နိုး​သောအရာဝတ္ထုက​လေးဖြစ်​ခဲ့သည်​။
.
.
.
.
စာအုပ်​အငှါးဆိုင်​က​လေးသည်​ သူတို့နှစ်​ဦး၏နတ်​ဘုံက​လေးဖြစ်​​လေသည်​။စိတ်​ဆိုး​နေ​သောငှက်​​ပေါက်​က​လေးကို​ချော့​မော့ရန်​အတွက်​ milk teaတစ်​ဘူးဝယ်​ဖြစ်​ခဲ့​သေးသည်​။သိပ်​ချစ်​စဖွယ်​​ကောင်းပါသည်​။milk teaအတွင်းမှအလုံးများကိုဖယ်​၍​သောက်​တတ်​ခြင်းသည်​ က​လေးငယ်​၏အကျင့်​တစ်​ခုဖြစ်​​လေသည်​။

အလွန်​တရာ အသည်းယားဖွယ်​​လေးအား *ချစ်​တယ်​*ဟု​စိတ်​လွတ်​ကာ​ပြောဖြစ်​ခဲ့ခြင်းတွင်​မျက်​ဝန်းက​လေး​တွေသည်​ဆန်းကြယ်​သွားခဲ့သည်​။*မင်းအဲ့လိုမ​ပြောဘူး​လေ..ဒါ​ကြောင့်​ငါ​ပြောတာ*ဟူ​သောအမှန်​တရားအားနာနာကျင်​ကျင်​ဖိ​ပြောဖြစ်​ခဲ့မှန်း က​လေးမသိ​လောက်​​ပေ။
.
.
.
.
report card က​လေးကိုဆုပ်​ကိုင်​၍​အော်​ဟစ်​​နေခဲ့​သောက​လေးအား ဂရုမစိုက်​ဟန်​နှင့်​wuthering heights ကိုသာဆက်​လက်​ဖတ်​​နေဖြစ်​ခဲ့သည်​။အလွန်​တရာဝမ်းနည်း​နေ​သောအချစ်​က​လေးအား ​ကြောင့်​ကြလွန်းစွာနှင့်​မဆင်​မခြင်​သူ့report cardအားထုတ်​​ပေးလိုက်​​သေးသည်​။အော်​..အချစ်​ဆိုသည်​မှာလည်း..လူကိုသတိမဲ့​စေပါရဲ့ဟု​တောင်​မှသူ​တွေးဖြစ်​ခဲ့​သေးသည်​။
.
.
.
.
ကျောင်းအ​ရှေ့မှဖြတ်​၍စက်​ဘီး​တွေတွန်းသွားဖြစ်​​သောည​နေခင်းတွင်​ပန်းပွင့်​အဖြူက​လေးများတည်​ရှိ​နေ​လေသည်​။ခနခနထိုပန်းပွင့်​က​လေးများထံသို့အကြည့်​​ရောက်​သွား​လေတတ်​​သောက​လေး​ကြောင့်​ စိတ်​မထိန်းနိုင်​စွာအဖြူ​ရောင်​ပန်းပွင့်​က​လေးအား စက်​ဘီးခြင်းထဲထည့်​​ပေးဖြစ်​ခဲ့​လေသည်​။
.
.
.
.
ကလစ်​က​လေးကိုဆံပင်​လုံးလုံးက​လေးထက်​တွင်​ညှပ်​ထား​သော သူ့နှလုံးသားအမြု​တေ​လေး..။ရော်​ရွက်​ဝါများအားပျံ့ကျဲ​အောင်​ဖန်​တီး​လိုက်​ပါ​သော အဆိုးအဆာ​ငယ်​​လေး..။ကလစ်​က​လေးအားသံသယဝင်​မိ၍ ခပ်​ရစ်​ရစ်​ဆိုမိချိန်​တွင်​ *မင်း​ယောက္ခမကြီး..ငါ့အ​မေဆီကအလစ်​သုတ်​လာတာ*တဲ့​လေ..။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now