[ဖိုက်တာအတွဲရဲ့အမေးအဖြေကဏ္ဍ]

Start from the beginning
                                    

အမေး(၃)"ကံကောင်းတဲ့အုပ်ကံကောင်းလေးက
ကိုရန်ကြီးကိုဘယ်လောက်ချစ်ပါသလဲတဲ့။"

"အဖေနဲ့အမေပြီးရင်သူ့ကိုအချစ်ဆုံးပဲ။
ဒီလောက်ကောင်းတဲ့လူကိုမချစ်ရင် ငါလူဖြစ်ရှုံးရုံ
ပဲရှိမှာပေါ့။"

"ကောင်းလိုက်တာ..ဒဲ့ထိတဲ့အဖြေပဲ!။"

ကျွန်တော်ချီးကျူးလိုက်တော့ ဂုဏ်ဆာတဲ့ပုံနဲ့ပြုံးလာတဲ့အုပ်ပုကို ကိုရန်ကြီးလှမ်းနမ်းတယ်။ချစ်စရာကောင်းလွန်းလို့ကျွန်တော်သွားတောင်မစိနိုင်ပါဘူး။ဒါကြောင့်သွားအဖြဲသားနဲ့နောက်မေးခွန်းကိုထပ်မေးလိုက်တယ်။

အမေး(၄)"ရန်ကြီးကရောအုပ်ကြီးကိုဘယ်လောက်အထိချစ်ပါသလဲ။"

"အင်း..မေးခွန်းအရဆို'ဘယ်လောက်'ဆိုတဲ့သဘောကအကန့်အသတ်တစ်ခုရှိတယ်။ဒါကြောင့် ကိုယ်ကတော့ 'ဘယ်လောက်'ဆိုတဲ့နေရာမှာ'အနန္တ'ဆိုတာကိုပဲဖြည့်ပေးချင်ပါတယ်။"

ကိုရန်ကြီးရဲ့အဖြေအဆုံးမှာ အုပ်ပုကဝမ်းသားအားရနဲ့ထရယ်ပြီး လက်ခုပ်တွေတီး၊လက်ဖျောက်တွေပါထတီးလာတယ်။

"ဟား ဟား ဒါပဲလေ..ဒါမှငါ့ရည်းစားကွ။
မင်းသိလား ရန်ကြီးက ကျောင်းတုန်းကဆို တစ်ကျောင်းလုံးမှာစာအတော်ဆုံးပဲ။ထူးချွန်ဆိုနှစ်တိုင်းဝင်ဖြေ​နေကျ၊ခဏခဏလဲဆုရတယ်။"

'ဂုဏ်ယူမဆုံးတပြုံးပြုံး'ဆိုသလို အုပ်ပုကအတော်လေးသဘောကျနေဟန်နဲ့လက်သီးလက်မောင်းတန်းပြီးပြောလာတယ်။

"ဟုတ်ပါပြီ..ဟုတ်ပါပြီ ဒါဆိုနောက်မေးခွန်းတစ်ခုပေါ့နော်။"

အမေး(၅) "အုပ်ကြီးကိုဘာတွေစားလို့အရပ်ထွက်
မလာတာလဲတဲ့။"

ဒီမေးခွန်းကိုကြားတော့ ကိုရန်ကြီးက'ခွီး'ခနဲမြည်အောင်ထရယ်တယ်။ထုံးစံတိုင်းကျွန်တော်တို့ရဲ့အုပ်ကြီးကတော့မျက်မှန်ကိုတစ်ချက်ချွတ်ပြီး ကောင်းကင်ကိုမော့ကြည့်လိုက်လေရဲ့။

"ဟူး...ဒီလိုမေးခွန်းကိုမတားမြစ်ထားတာမင်းရဲ့လိုအပ်ချက်ပဲ လိမ္မော်သီးအစုတ်ပလုတ်ရဲ့။ အရပ်ပုတာကိုမမေးနဲ့မင်းတို့သိအောင်ငါတစ်ခုပဲပြောပြလိုက်မယ် အဲ့တာက'ပုပေမဲ့မြတ်နိုးသူကတော့ချစ်တယ်'ဆိုတာပဲ။အရပ်ရှည်တဲ့မင်းတို့တွေကတော့ မြတ်နိုးသူမပြောနဲ့ ရည်းစားတောင်မရှိဘူးမလား။ "

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now