[ဖိုက်တာအတွဲရဲ့အမေးအဖြေကဏ္ဍ](Extra-1)

6.7K 618 127
                                    

Unicode
~~~~~~~

အဟမ်း..အဟမ်း..ဒီနေ့တော့အားလုံးမျှော်နေကြတဲ့နေ့လေးကိုရောက်လာပြီပေါ့နော်။ ပျိုလေးတို့ရဲ့ဆန္ဒအတိုင်း မေးခွန်းတစ်ချို့မေးဖို့အတွက် ကျွန်တော် အုပ်ကြီးတို့အတွဲနဲ့အတူ သူတို့ရပ်ကွက်ထဲက
ဘုရားပျက်ကုန်းကိုရောက်နေပါတယ်။

မြင်ရသလောက်ကတော့ ချုံပင်တွေ၊နွယ်ပင်တွေ
အုတ်တံတိုင်းအပျက်တွေချည်းမို့နည်းနည်းတော့
ကျောချမ်းစရာပဲ။မြွေပါး၊ကင်းပါးနဲ့ တစ်ချို့တွေများ
ဘယ်လိုသတ္တိနဲ့လာရဲကြသလဲမသိဘူး။
အင်းပေါ့လေ..အားကိုးရှိကြတော့လဲ..

အုပ်ပု-"စောင်းပြောမယ်ဆို လာရာလမ်းအတိုင်း
ပြန်ကြွနော်!။"

လိမ္မော်သီး-"အာ..ဟုတ် ဟုတ်။သောင်းဘန်ပါတယ်နော်။စောင်းမပြောပါဘူး တည့်ပြောတာပါ။"

အဲ့လိုပြောလိုက်မိတော့ တစ်စုံတစ်အုပ်က
ကျွန်တော့်ကို သူ့ဘဲအနောက်ကနေဂျိုကြည့်လှမ်း
ကြည့်လာပါရော။အမှန်တော့ ကျွန်တော်လဲသိပ်လာချင်တာမဟုတ်ဘူးရယ်..အတွဲတွေကြားအနှိမ်ခံရမှာစိုးလို့လေ။​ဒါပေမဲ့ ဟောဒီက..ဖြူဖြူဖွေးဖွေးဆံပင်ကောက်ကောက်လေးတွေနဲ့ ချစ်စရာအစ်ကိုကြီးကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ အဟဲ..အိမ်ကိုတောင်
မပြန်ချင်တော့ဘူးရယ်။

"မပြန်ချင်လဲမပြန်နဲ့ပေါ့..ဒါပေမဲ့ဒီရပ်ကွက်ကတော့
လက်မခံဘူးနော်။"

"ကျော်ဇေယျာနိုင်..အဲ့လိုမပြောရဘူးလေ ။"

ကိုရန်ကြီးကဆူသလိုလို၊ ကလူသလိုလိုနဲ့သူ့အနောက်ကအုပ်ပုရဲ့ခေါင်းကိုပုတ်ပြီးပြောလိုက်တော့ အမောက်ထောင်နေတဲ့ တစ်ယောက်သောသူလဲငြိမ်ကျသွားလေရော။ အဲ့ဒီနောက်ကျွန်တော်လဲ မှတ်ထားတဲ့စာအုပ်ကိုဖွင့်ပြီး အမေးအဖြေကဏ္ဍလေးကိုစတင်လိုက်ပါတော့တယ်။

"ဆိုတော့ကာ...ပထမဆုံးမေးခွန်းလေးကိုစလိုက်ကြ
ရအောင်ဗျ။"

အမေး(၁) "အုပ်ကြီးကဘယ်လိုကြောင့်များFall in loveသွားတာလဲ။"

"အာ...အဲ့တာက ရန်ကြီးရဲ့ခံစားချက်တွေကိုငါနားလည်သွားတဲ့အချိန်လို့ဆိုမလားပဲ။ အစကတော့ဒီကောင့်ကိုနိုင်မဲ့အကွက်ရပြီဆိုပြီးပျော်နေခဲ့တာ..နောက်ပိုင်းတော့ ငါလဲ
တစ်မျိုးဖြစ်လာတယ်။မနက်ပိုင်းမှာတွေးမိတာလဲ
သူ့အကြောင်းပဲ၊ နေ့လည်ပိုင်းနဲ့၊ညနေခင်းတွေမှာလဲသူ့မျက်နှာပဲ။လဖက်ရည်ဆိုင်ကအပြန် ရန်ပွဲမှာ
ငါ့ကိုယ်ကိုယ့်ကိုယ်မထိန်းနိုင်တော့တာသိလိုက်တယ်။
အဲ့တာကြောင့် ကိုယ်တိုင်တောင်သတိမထားမိဘဲ
သူ့ကိုအ​ဖြေပြန်ပေးလိုက်မိတာ။"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now