[မသိဘူး..ရန်ဖြစ်မယ်]

10K 1.1K 445
                                    

Unicode
~~~~~~~

"တောက်ခ်...ရန်ငြိမ်းအောင်
မင်းဘာလုပ်လိုက်တာလဲ!!။"

"အဟက်..မမြင်ဘူးလား။
တမင်တကာရိုက်ချလိုက်တာလေ။!

စီးကရတ်ကိုဖိနပ်ထိပ်နဲ့ဖိပြီး အရေးမပါသလိုပြောလာတဲ့ကောင်ကိုကြည့်ပြီး ငါ့မှာအသည်းတွေယားလွန်းလို့နားထဲကလေပူတွေပါထွက်လာရတယ်။

"တမင်တကာလုပ်ရအောင်
အဲ့တာမင်းသောက်ဆံနဲ့ဝယ်ထားတဲ့ဟာမို့လို့လား
မကောင်းတဲ့အကောင်ရဲ့!!။"

"အဟွန်း..အဲ့တာကရော မင်းသောက်ဆံနဲ့ဝယ်ထားတာမို့လို့လား ။အလကားရထားတဲ့ဟာကြီးကို။ စျေးထဲကလိုအသံပြဲနဲ့လာအော်မနေနဲ့။"

"အော်တော့ဘာဖြစ်လဲ...အဲ့တာငါ့ဆောက်ကြောင်းလေ။မင်းကသူများဟာကိုလဲဖျက်စီးသေးတယ် အသံကောင်းဟစ်နေရအောင်မင်းကဘာ​ကောင်မို့လို့လဲ!!။"

စကားပြောအချိုးမပြေချက်ကတော့..တွေ့တဲ့အတိုင်းပဲ။ငါနော်..ဒေါသထွက်လိုက်တာဆိုတာ
ဘေးနားမှာရှိတဲ့အုတ်ခဲနဲ့သာပြေးရိုက်ပလိုက်ချင်တယ်။အဲ့ကောင်က တကယ်ကိုလူလိုနားမလည်တာ။

"ငါဘာကောင်လဲဆိုတာ မင်းမသိဘူးလား။
ပြန်မှတ်မိသွားအောင် ခေါင်းရိုက်ခွဲပေးရမလား!ဟမ်!!။"

လေသံမာမာနဲ့ ငါ့ကို​ခြိမ်းခြောက်လာတဲ့ကောင်က
သူ့ကိုယ်သူနှစ်လုံးထီရောင်းတဲ့ကောင်ဆိုတာမေ့နေတဲ့ပုံပဲ။အဟား...ရန်ငြိမ်းအောင်တို့က​တော့ ငါ့ကိုလူသတ်ချင်လာအောင်လာလုပ်နေပြီ။

"မင်းလိုကောင်ကိုငါကကြောက်ရမှာလား။
လုပ်ရဲရင်လုပ်ကြည့်လိုက်လေ..ဒီမှာ
ဘယ်သူ့ကိုမှမကြောက်လို့အုပ်ကြီးလုပ်နေတာကွ!။"

"ဟုတ်လား..ငါ့ကိုဆိုရင်တော့ဖင်တုန်အောင်
ကြောက်တယ်ထင်နေတာ။"

"အား...ရန်ငြိမ်းအောင် မင်းကိုငါဒီနေ့ရအောင်
လုပ်သတ်မယ်။"

ပြဲလန်နေအောင်အော်ပြီး သူ့ဆီပြေးဝင်လာတဲ့ဂျပုကို
ရန်ငြိမ်းအောင် ခါးကနေဆွဲဖမ်းထားလိုက်တယ်။
ဒေါသတကြီးရိုက်နှက်လာတဲ့ ရင်ဘက်ကလက်သီးဆုတ်တွေကအားပြင်းလွန်းလို့နှလုံးကွဲပြီလားတောင်ထင်ရ။ဒီလက်သီးစုပ်သေးသေးလေးတွေမှာ အတွင်းအားဘယ်လောက်တောင်ခိုအောင်းနေလေသလဲ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now