[ကံခေသူအုပ်ကြီး]

9.8K 1.1K 254
                                    

Unicode
~~~~~~~

စျေးသည်အန်တီကြီးတွေရဲ့စကားကြောင့်
ငါဘာမှမဝယ်ဖြစ်ဘဲ အိမ်ကိုပဲခပ်သုတ်သုတ်ပြန်လာရင်းနဲ့တွေးမိတယ်။

အဲ့ကောင်ရန်ငြိမ်းအောင် ကလုံးဝကိုခေါင်းမကောင်းဘူးနဲ့တူတယ်။လာမပတ်သက်နဲ့လို့ပြောခဲ့တာက
သူမဟုတ်တဲ့အတိုင်းအခုကရောဘာဖြစ်ချင်ရပြန်တာလဲ။ဒီကောင်ငါ့ကိုပြဿနာရှာချင်လို့ဂွင်ဆင်တာပဲလို့ထင်တယ် ။

အဲ့လိုသာဆိုလို့ကတော့ ငါကလဲ​ခေသူမဟုတ်ပါဘူး
ကျော်ဇေယျာနိုင်ပါ..သူတို့ထက်လည်လို့ငါအုပ်ကြီးလုပ်နေတာ။ ဟမ့်...သင်းလောက်ကတော့စာဖွဲ့မနေဘူး။

တော်ပြီ...တော်ပြီ ဒီနေ့ကဆေးပေါင်းခတဲ့ည။
သင်းအကြောင်းတွေးပြီးစိတ်အနှောက်အယှက်အဖြစ်မခံနိုင်ဘူး။ သုပ်စားဖို့မယ်ဇလီဖူးနဲ့မြင်းခွာရွက်တွေသွားခူးတာပဲကောင်းတယ်။

ဒီလိုနဲ့ငါလဲ ကိုယ့်အကြံနဲ့ကိုယ်စျေးဆွဲခြင်းကို
ဟန်ပါပါဆွဲပြီး ဂျပန်ဘုရားဝန်းထဲလျှောက်လာခဲ့လိုက်တယ်။ ဂျပန်ဘုရားဆိုပေမဲ့ ဟိုလိုရပ်ကွက်စေတီ​တော့မဟုတ်ဘူး။ ငါတို့စျေးသွားတဲ့လမ်းနားမှာ ဘုရားရုပ်ထုကိုငုံပြီးတည်ထားတဲ့စေတီငယ်လေးပဲ။ ဟိုးအရင်တုန်းက...ဂျပန်သူဌေးကြီးတစ်ယောက်ကတည်သွားတာလို့ပြောကြတာပဲ။

အဲ့စေတီဝန်းကျင်မှာက ရေဝပ်တတ်တော့
ဆေးမြင်းခွာရွက်တွေတောထနေအောင်အလေ့ကျပေါက်တာ။မလှမ်းမကမ်းမှာလဲ မယ်ဇလီပင်ကြီးရှိတာမို့ ငါ့အတွက်တော့ဂွင်ပဲပေါ့။

ပထမဆုံးအနေနဲ့ငါလဲဝတ်လာတဲ့ပုဆိုးကိုချွတ်ချလိုက်ပြီး ၊နေအပူဒဏ်ကိုကာကွယ်ဖို့အတွက် ခေါင်းနဲ့ကိုယ်ကိုလုံအောင်ခြုံလိုက်တယ်။ တလွဲမတွေးကြနဲ့နော် အောက်မှာကာတွန်းဘောင်းဘီအတိုလေးပါတယ်။ မဟုတ်ရင်ရပ်ကွက်ထဲခွေးတစီစီဖြစ်သွားမှာပေါ့။

အဲ့ဒီနောက်မှာတော့ ရေထဲမှာအလေ့ကျပေါက်နေတဲ့
ဆေးမြင်းခွာရွက်တွေကိုခူးပြီး ခြင်းထဲထည့်နေလိုက်တော့တယ်။

ဆေးမြင်းခွာရွက်ဆိုတာ အလေ့ကျပေါက်ပေမဲ့
သူ့ရဲ့အစွမ်းကိုတော့အထင်မသေးလိုက်နဲ့ငါ့ကောင်တွေ ကျန်းမာရေးအတွက်သိပ်ကောင်းတာကွ။
သူကသွေးလည်ပတ်မှုကိုလဲအားကောင်းစေတယ်၊
အသားလှစေတယ်၊ဦးနှောက်စွမ်းဆောင်ရည်ကိုကောင်းမွန်စေတယ်။ကျန်တဲ့အချက်တွေလဲအများကြီးကျန်သေးတယ်ကွ။

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now