[ဖိုက်တာအတွဲရဲ့အမေးအဖြေကဏ္ဍ](Extra-1)

Start from the beginning
                                    

"အချစ်..~~!"

"ဟိုး..မလုပ်နဲ့ဆရာ။
ဟိုမှာအရှုပ်ထုတ်လေးရှိတယ်။

ခပ်ချွဲချွဲရေရွတ်ပြီးတစ်ဖက်လူပါးဆီတိုးကပ်သွားတဲ့
ကိုရန်ကြီးကို အုပ်ပုကအလန့်တကြားနဲ့တားတယ်။
အဆုံးသတ်ကတော့ မြင်ကွင်းကောင်းလေးကို
လက်လွှတ်လိုက်ရတာပေါ့။

"ကဲ..ကဲနောက်မေးခွန်းလေးကတော့
ကိုရန်ကြီးအတွက်ပါ။"

အမေး(၂)"ဆယ်စုနှစ်မကတဲ့အချစ်တွေကိုဘယ်လို
မြိုသိပ်နိုင်ခဲ့သလဲ။"

ကျွန်တော်ဒီလိုမေးတော့ ကိုရန်ကြီးကသူ့ပါးချိုင့်တွေခွက်ဝင်သွားတဲ့အထိပြုံးပါတယ်။ ပြီးတော့ သူ့ဘေးမှာရှိနေတဲ့အုပ်ပုရဲ့ခေါင်းလေးကိုဆွဲယူပြီး လက်မောင်းကြားညှပ်လို့ဆံပင်ငုတ်တိုလေးတွေကို အသည်းယားနေတဲ့ပုံနဲ့ဖွပစ်တယ်။

"ဒါက..အများကြီးမပြောတတ်ဘူး။
တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝတစ်ခုလုံးနဲ့ရင်းပြီးချစ်မိသွားတဲ့အချိန်မှာသိလာလိမ့်မယ်ထင်တယ်။
သူ့မျက်နှာလေးကိုမြင်နေရတာကလဲ ပြီးပြည့်စုံခြင်း
တစ်ခုဖြစ်တယ်ဆိုတာကိုပေါ့။"

ကိုရန်ကြီးရဲ့အဖြေကြောင့် အုပ်ပုရဲ့ပါးလေးတွေလဲ
ရဲပတောင်းခပ်သွားပြီး၊ရုန်းကန်နေရာကငြိမ်ကျသွားတယ်။ရိုးရှင်းသလိုစိတ်ကူးယဥ်ဆန်တဲ့မြင်ကွင်းလေးကြောင့်ကျွန်တော့်စိတ်ထဲ ကြည်နူးမှုလှိုင်းလေးတစ်ချို့ဖြတ်ပြေးသွားရတာအမှန်။ ဒီလိုအချိန်မှာ ကိုရန်ကြီးကလူမိုက်တစ်ယောက်ဆိုတဲ့သွင်ပြင်မျိုးကို ကျွန်တော်လုံးဝမတွေ့ရဘူး။အချစ်ကိုတန်ဖိုးထားပြီး၊သေချာဖော်ပြတတ်တဲ့ရည်ရည်မွန်မွန်အမျိုးသားတစ်ယောက်ကိုပဲကျွန်တော်မြင်တယ်။

"အားကျနေပြီမလား..ရိုးရိုးအားကျရင်ငါးရာ၊
ရှယ်အားကျရင်တစ်ထောင်နော်။ကျန်တဲ့လူတွေကို
ပါပြောလိုက်။"

တစ်ချက်၊တစ်ချက်ထထဖောက်တတ်တဲ့အုပ်ပုကို
ကျွန်တော်ပြန်မလှန်နိုင်ဘူး။အကြီးမားဆုံးအားနည်းချက်က ကျွန်တော့်မှာလဲ ရည်းစားမရှိဘူးလေ။

"တော်ပြီ..တော်ပြီ..မေးခွန်းမေးတဲ့လူကို
နိုင်ငံရေးတွေပြန်မမေးပါနဲ့လို့T-T"

"လခွမ်း အုပ်ကြီးဖြစ်ရတာလွယ်ကူမနေဘူးဟ"(Completed )Where stories live. Discover now