"တောင်းပန်ပါတယ်"

"ညစ်ပတ်ပေရေကုန်ပြီ...တောက်!ငါလုပ်လိုက်ရင်တော့"

အမိန့်မှာ တောက်တခေါက်ခေါက်နဲ့ အခုမှမျက်ရည်လေးစမ်း
စမ်းနဲ့သနားစဖွယ်လာလုပ်နေတာကို ပိုစိတ်တိုတာ၊ သူ့မိန်းမ
လုပ်နေပြီး သူ့အကျင့်စရိုက်တွေနဲ့ဘာကြိုက်တတ်၏၊မကြိုက်
တတ်၏၊ တစ်ခုမှမသိဘူးလား၊ ကလေးပဲတယောက်ထွက်နေ
ပြီ။

ပုံစံကလည်း ပုံတုံးလိုက်တာ၊ အဝတ်အစားကအစမဝတ်
တတ်မစားတတ်နဲ့ ပေတိပေစုတ်နဲ့ အသန့်အရမ်းကြိုက်တတ်
တဲ့သူနဲ့တော့ အံ့ဝင်ခွင်ကျလုံးဝမဖြစ်နေ။

အားကိုးတကြီးကိုင်လာတဲ့လက်ကိုပုတ်ထုတ်လိုက်ပြီး အမျက်
သင့်မျက်လုံးတွေဖြင့်ဒေါသငယ်ထိပ်တတ်ကာ အမိန့် ကသူ့
ရှေ့က စိတ်ဆိုးမာန်ဆိုးဖြင့် ခြေလှမ်းကျယ်ကြီးများနဲ့ထွက်
သွားလေသည်။

ရိုးကိုယ်တိုင်လည်းသိ၏။ ရိုးကိုက ပြာတိပြာယာနိင်တာ၊လုပ်
လိုက်ရင်တလွဲ၊ ပြောရင်လည်း လူအမြင်ကပ်စရာကောင်းတာ
မျိုး၊ ပုံစံကိုက သူရိုက်ချင်တဲ့ဒေါင့်မကျိုးတဲ့ အမူအရာယာဖြစ်
နေလားမသိ။

အမိန့်ရဲ့ရှေ့ရောက်ရင်ကို တစ်ခုမဟုတ်တစ်ခုလွဲချော်လိုက်ရ
မှ...အခုလည်းပို၍မျက်မုန်းကျိုးသွားချေတော့မည်။

ခက်တာပဲကွယ်။

သခင်မကြီးနဲ့ အမိန့်ရဲ့အမေနဲ့အဖေတို့ကတော့ သားဖြစ်သူရဲ့
ဒေါသကိုသိတာမို့ သက်ပြင်းသာချရင်း ထမင်းစားဝိုင်းမှထ
သွားကြလေသည်။

အမိန့်ရဲ့အဒေါ်နဲ့ဦးလေးမှာတော့ ရေငုံနူတ်ပိတ်၍ဘာမှတော့
မပြော၊ ဘယ်ချိန်ထပေါက်ကွဲမဲ့ချိန်ကိုင်ဗုံးလို၊ ဒါပေမဲ့ရိုးကို
တော့သိပ်အမြင်မစူးလေဟုတော့သတ်မှတ်ထားရလေမလား။

သခင်မကြီးမှာ ဘေးကဒေါ်လေးနွယ်ကို ကူထိန်းခိုင်းရင်းမှီ
တွယ်ကာထသွားလေသည်။ မျက်နှာမသာယာတာမို့ ရိုးမှာ
အပြစ်ရှိသူလို ငိုချင်မိလေသည်။ ဒေါ်လေးနွယ်ကို ကြည့်ပြန်
တော့လည်း အဆင်ပြေမှာပါဆိုတဲ့အကြည့်လေးနဲ့သာပြန်အ
ကြည့်ခံရ၏။ငိုလည်းငိုမိပြန်ပါပြီ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now