အမိန့်က အရမ်းအသန့်ကြိုက်တတ်တဲ့သူတစ်ယောက်၊ ညစ်
ပတ်ပေရေတဲ့အရာဆို ထိတောင်ထိကပ်ချင်တာမဟုတ်၊ငယ်
ငယ်တည်းက သူများကလေးနည်းတူ ဖုန်သလူးလူးနဲ့ကလေး
ပီပီ ကြမ်းပြင်မှာဆော့ကစားတတ်တဲ့သူမဟုတ်၊ အင်မတန်ကို
အသန့်အပြန့်ကြိုက်တတ်တာကြောင့် အသန့်ကြိုက်ရောဂါ
စွဲကပ်နေသလားပင်ထင်ရ၏။

ဒါကြောင့်မို့လည်း တွဲခဲ့တဲ့သမျှ မိန်းကလေးတွေကလည်း
အဆင့်အတန်းရှိရှိ ထက်မြက်ပြီးလှပကျော့မော့ရှင်းသန့်နေတဲ့
အသန့်လေးတွေချည်းသာ ရွေးတွဲခဲ့တာ။

ဘယ်လောက်တောင်အသန့်ကြိုက်လဲဆိုရင် သူ့အတွက်သီး
သန့်အသုံးအဆောင်ကို ထားပေးရလေသည်။ညစ်တီးညစ်
ပတ်ကိုဆို သိပ်ကိုမုန်းတဲ့သူပါတဲ့။

အကြောင်းသိအဆင်းသိတဲ့ မေမေတို့ကတော့ အမိန့်ဒေါသ
ထွက်တာ ရိုးနေတဲ့ဖြစ်စဉ်သဘာဝပေမဲ့ အမိန့်ရဲ့ဒေါသူပုန်ထ
မူကြောင့် ရိုးမှာ ကြောက်နေပြီမို့ စိတ်မကောင်းဖြစ်မိလေ
သည်။

သို့ပေမဲ့ အမိန့်ရဲ့အားနည်းချက်တစ်ခုရှိလေသည်..ပြောရင်
ရယ်စရာဟုထင်ရလိမ့်မည်။ အမိန့်က သရဲအရမ်းကြောက်
တတ်လေ၏။

"အမိန့်...အိမ်ပေါ်တတ်ပြီး အခန်းထဲမှာ ရေချိုးလိုက်ပါလား
အရှင်က မတော်တဆလုပ်မိလိုက်တာပါကွယ်"

"ဘွား...သူ့ဘက်က ကာပေးမနေနဲ့၊ ဘွားတို့ပြောလို့သာယုံ
ရတာ...အခုထိသူက ကျုပ်ဇနီးဆိုတာဘယ်လိုမှမယုံသေး
ဘူး...တကယ့်ပြသနာအိုး"

အမိန့်ရဲ့ ပွင့်အန်ထွက်လာသောစကားကြောင့် ရိုးမှာမျက်လုံး
လေးတွေပင် ဝိုင်းစက်ပြူးကျယ်သွားသလို မမလေးတိမ်လွှာ
ဆီက...မှတ်ပလားဆိုတဲ့အကြည့်နဲ့ ကြည့်ခံရလေသည်။

ကြောက်စိတ်လေးပိုဝင်သွားရတဲ့ ရိုးမှာ အမိန့်ရဲ့ဘေးနားအ
ပြေးလေးသွားကာ အမိန့်ရဲ့လက်ကိုဆုပ်ကိုင်ရင်းမျက်နှာငယ်
လေးဖြင့် တောင်းပန်ရလေသည်..သူလက်မခံတာသိပေမဲ့
ပေါ့။

"အရှင်တောင်းပန်ပါတယ်..အရှင်ရဲ့နမော်နမဲ့နိင်မူကြောင့်ပါ
နောက်ခါမဖြစ်စေရပါဘူး"

"နောက်ခါ..နောက်ခါနဲ့ဘယ်နှခါရှိပြီလဲ...ခင်ဗျားနဲ့ကျုပ်အ
မြန်ကွာရှင်းမှပဲအေးမှာ...ဖယ်စမ်းဗျာ"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now