"အိနြ္ဒေ...."
သင်္ကြန်သီချင်းများအပေါ် နစ်မြောနေတုန်း ရှိသေးသည် ... နားထဲ ကြားလိုက်ရသည့် အစ်ကို့အသံ....။ ကျွန်တော်လည်း စာရေးနေရာမှ ချက်ချင်းရပ်တန့်လိုက်ပြီး အစ်ကို့ဆီသို့...
"ဟုတ်ကဲ့..."
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်မျက်နှာကို ကြည့်လာပြီး....
"သင်္ကြန် ဘယ်မှမသွားဘူးမလား?"
ထိပ်ပိတ်ကာ မေးလာသည့် အစ်ကို့စကားကြောင့် မင်းသွေးတို့ဖြင့် သင်္ကြန်လည်ပတ်မည့် အိပ်မက်များက လွင့်စင်၍...။ သို့ပေမယ့် အစ်ကို မရိပ်မိအောင် မျက်နှာကို တတ်နိုင်သမျှ ပုံမှန်အတိုင်း ရှိဖို့ ကြိုးစားမိသည်။
"ဟုတ်ကဲ့... မသိသေးဘူး အစ်ကို...။ ဘာဖြစ်လို့လဲ?"
ထိုအချိန်မှာတော့ အစ်ကိုက သူ့လက်ထဲ ဖတ်စာအုပ်ကို ထောင်ကာ ကြည့်လိုက်ပြီး...
"သင်္ကြန်ရက် ခဏ ပိတ်မလားလို့... ငါ သွားစရာ ရှိလို့။"
သြော်... သင်္ကြန်ရက် ခဏပိတ်မည်ဆိုပါလား?
ဒါဆိုရင်တော့ သင်္ကြန်လည်ဖို့ ကိစ္စအတွက် အစ်ကို့ကို ခွင့်တောင်းစရာ မလိုတော့။ စိတ်ထဲမှာ ကြိတ်ကာ အတွေးဖြင့် ပျော်လိုက်ပြီးသည့်နောက် အစ်ကို့စကားကြောင့်...."ငါ ဟိုကို သွားနေတုန်း အိမ်ထဲကနေ အိမ်ပြင်မထွက်နဲ့..."
"ဗျာ?"
ကျွန်တော်က အံ့သြသလို နောက်တစ်ကြိမ် ထပ်ပြီး အစ်ကို့ကို မေးလိုက်မိတော့ အစ်ကိုက ဘာမှမထူးဆန်းသလို အမူအရာမပြောင်းဘဲ...
"ဟုတ်တယ်... အိမ်ထဲမှာပဲနေ...."
"မဟုတ်သေးဘူး... အိမ်က အိနြ္ဒေကို သင်္ကြန်အတွင်း သီလယူဖို့ ပြောထားတာ... ဘယ်မှမထွက်လို့ မရဘူးလေ။"
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ခံစားချက်မဲ့နေသည့် မျက်နှာဖြင့် စိုက်ကြည့်လာသည်။ ဘာမှမပြောသေးဘဲ ကျွန်တော့်မျက်နှာကို အတော်လေး စူးစိုက်ကြည့်ပြီး နောက်ပိုင်း အကြည့်လွှဲကာ...
"ရတယ်... အိမ်က လူတွေနဲ့ သီလယူရင် သွားလို့ရတယ်။ ဒါပေမယ့် ဒီအတိုင်း ပြန်မလာဘဲ ရေစိုလာရင်တော့ ..."
အပိုင်း (၇)
Start from the beginning