အဝါရောင်ဂါဝန်ရှည်မှာထိုအမျိုးသမီးသမီး၏ အလှကိုပို၍ပင်နုပျိုစေနေပါသည်။လည်တိုင်ကျော့ကျော့ထက်က မဟူရာပုလဲလည်ဆွဲက တောက်ပြောင်စွာနေရာယူထားလို့နေပါသည်။ရွှေအိုရောင်ဆံပင်ကိုမှဂုတ်ပေါ်ဝဲဝဲလေးကျနေသောထိုအမျိုးသမီးမှာအသက်ငါးဆယ်နီးပါးလို့ပြောရင်ယုံမည့်သူမရှိ။ထိုသူမှာ ဂျောင်ယောင်းမင်းရဲ့ဇနီး..ေဂျာင်ဟိုဆော့ရဲ့အမေ ဂျွန်ဟန်နာဖြစ်ပါသည်။

ဖုန်တစ်စက်ကလေးမျှပင်မရှိသောဧည့်ခန်းထဲတွင် ခြေချိတ်ထိုင်လိုက်ပြီး...

"အမကြီးယွန်း!!"

"ဟုကဲ့ သူဠေးကတော်!"

အိမ်တော်ထိန်းအမကြီးယွန်းဆိုသူကချက်ချင်းဆိုသလိုအပြေးရောက်လာပြီးကိုယ်ကိုညွတ်ကိုင်းကာ...

"ဘာအလိုရှိပါသလဲသူဠေးကတော်.."

"အစ်ကိုရော..ဘယ်သွားလဲ?"

"သူဠေးကမနက်အစောကြီးကတည်းက မြေကွက်ကိစ္စသွားကြည့်ဖို့ဆိုပြီးထွက်သွားပါတယ်.."

"အော!ဘာကိစ္စများပါလိမ့်?"

အနည်းငယ်ဝိုင်းစက်နေတဲ့မျက်လုံးလှလှတို့ကို အနည်းငယ်တွန့်ချိုးကာစဥ်းစားခန်းဖွင့်ပြီးနောက်...

"ထားပါ!ကျွန်မအတွက်ကော်ဖီအေးအေးလေးတစ်ခွက်ယူလာခဲ့ပေးပါ.."

"ဟုကဲ့သူဠေးကတော်.."

ထို့နောက် ဒေါ်လာသန်းချီပြီးဝယ်ထားတဲ့ စားပွဲခုံပေါ်ကမဂ္ဂဇင်းတစ်ခုကိုကောက်ယူလိုက်ပြီး အာရုံစူးစိုက်ကာဖတ်နေလိုက်သည်။

"ပြန်လာပါပြီ!"

"အိုမိုး!အ​ေမ့သားလေး!!"

ဟိုဆော့ ကျက်သရေရှိစွာနုပျိုလှပနေတဲ့အမေဖြစ်သူကိုပြေးဖက်လိုက်ပြီးနောက် လက်ထဲကစာချုပ်ကို​ကေို လေပေါ်မြှောက်ပြလိုက်လေသည်။

"ရှင်းအုပ်စုနဲ့!.."

"ဟုတယ်အမေ!သားလုပ်နိုင်ခဲ့ပြီ!"

"အိုက်ဂူးးးးးးအမေ့သားလေးကတော်လိုက်တာ..
မွ.."

သားဖြစ်သူရဲ့နှဖူးလေးကိုတစ်ချက်ဖိကပ်နမ်းလိုက်ပြီး...

"အမေတို့ဒီညအောင်ပွဲခံရအောင်..မင်းအဖေဆီဖုန်းဆက်လိုက်ဦးမယ်.."

အပြုံးလှလှတို့ကိုချိတ်ဆွဲထားတဲ့သူမ။ထို့နောက်...

တူ...တူ...တူ....

"ဟဲလို.."

"...."

"အစ်ကို..ဒီနေ့စောစောပြန်လာခဲ့နော်!..."

"......"

"ဟုတယ်..သားလေးကိုဂုဏ်ပြုပေးမလို့!"

"........."

"အွန်း!စောင့်နေမယ်...နောက်ကျလို့မရဘူးနော်!"

"......"

""အွန်း..သိပြီ...အွန်း..ဒါပဲနော်အစ်ကို.."

ဟိုဆော့အမေဖြစ်သူကိုကြည့်ပြီးသဘောကျကာပြုံးနေမိသည်။အမေကအဖေ့ထက်ဆယ်နှစ်လောက်ငယ်ပါသည်။အသက်ငါးဆယ်နီးနီးရှိနေပြီဖြစ်တဲ့အမေဟာခုချိန်ထိအပျိုမိန်းကလေးတစ်ယောက်လိုအရွယ်တင်နုပျိုနေပါသေးသည်။

အ့ကြောင့်လည်းအဖေကသူ့မိန်းမကိုအသေချစ်ပါသည်။အ​ေမ လိုချင်တာမှန်သမျှလည်းနေ့မကူးစေပဲချက်ချင်းဆိုသလိုမဖြစ်ဖြစ်အောင်ဝယ်​ပေးတတ်ပေးပါသေးသည်။

"အမေတို့စျေးဝယ်ထွက်ရအောင်.."

"ဟုကဲ့!သိပါပြီဗျ!"

ထို့နောက် သားအမိနှစ်ယောက် အတူတူပျော်ရွှင်စွာကုန်တိုက်သို့....

မာနပြိုင်ချစ်ခြင်း//---------EPISODE-1----------

ကိုးရီးယားနိုင်ငံသို့ဆင်းသက်လာသည့်လေယာဥ်တစ်စီး။

Limit နဲ့ထုတ်တဲ့အနက်ရောင်မျက်မှန်အမည်းကိုတစ်ချက်ပင့်တင်လိုက်ပြီး ထိုလူဟာ ခပ်ရွဲ့ရွဲ့လေးတစ်ချက်ပြုံးလိုက်ကာ...

"မင်းငါ့ကိုပြန်ပေးဆပ်ရ​ေစမယ်..."

ထို့နောက်ကိုယ်ပိုင်လေယာဥ်ပေါ်မှတစ်လှမ်းချင်းဆီစမတ်ကျစွာဆင်းလာလေသည်။

လက်ကနောက်ဆုံးပေါ် brand နာရီကိုတစ်ချက်ကြည့်ကာ..

"တစ်စက္ကန့်ချင်းရွေ့သွားတဲ့အခိုက်အတန့်...ငါမင်းကိုသေလောက်အောင်မုန်းတယ်~ခုအချိန်ကစပြီး မင်းဘဝမှာငရဲတွေပဲလာတော့မှာ..ငါကိုယ်တိုင်မင်းဘဝကိုဖျက်စီးပေးမယ် ဂျောင်ဟိုဆော့..."

ပြန်လာပါပြီ✌
အရင်ကစာမေးပွဲတွေရှိလို့အကြာကြီးပျောက်သွားတာပါ
မျှော်နေမလားမသိပေမယ့်ပြန်ပေါ်လာပါပြီလို့✌
Fic အသစ်လေးကတော့ sope တို့အတွဲလေးပါ လောင်မှာမို့အလောင်ခံနိုင်မှဖတ်ကြပါလို့..
Jinkook fic အသစ်လေးလည်းလာဦးမှာပါ👐

#####THET#####

မာနပြိုင်ချစ်ခြင်း//🔥Where stories live. Discover now