85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း

Start from the beginning
                                    

ယနေ့အခြေအနေသည် သူမနှင့် စီမာလင်းရန် မှ မို့ရွှီတုန်းကိုဆန့်ကျင်သည့် ကြံစည်မှုတစ်ခုဖြစ်သည်။  သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မို့ရွှီတုန်းက မို့ရွှမ်ချောင်ကို အစားထိုးခဲ့သည်။ သူမတို့ ဇာတ်လမ်းက ကျဆုံးခဲ့သည် ။

သို့သော် မြို့စားကတော် ပေးပို့သော စာသည် သူမအား အကြံသစ်တစ်ခု ပေးခဲ့သည်။  အဲဒီတုန်းက အခြေအနေကို လူတော်တော်များများ မမြင်ဖူးပါဘူး။  အထဲမှာ မို့ရွီတုန်း လို့ အခိုင်အမာပြောနေသရွေ့ တခြားသူတွေ သံသယရှိနေရင်ကော ဘာအရေးလဲ ။ 

ထို့အပြင် မို့ရွှီတုန်းက ၎င်းကို တာဝန်ယူရန် ဝန်ခံခဲ့မည်ဆိုလျှင် မည်သူမျှ သံသယရှိမည်မဟုတ်ပေ။ မို့ရွှီတုန်း သည် မည်သည့်အရာကိုမျှ ဝန်ခံရန် ဆန္ဒမရှိသော်လည်း ကြေကွဲသည့် အရိပ်အယောင်များ ပြသသည်ကို သူမမြင်လိုက်ရသည်။ 

“တတိယညီမ၊ မင်းတကယ်တာဝန်ယူချင်ရင် နည်းလမ်းတစ်ခုရှိတယ်ဆိုတယ် ၊ မင်းဝန်ခံရမှာက မြင်းလှည်းထဲမှာ မင်းပဲ ရှိခဲ့တာ ၊ စတုတ္ထညီမမဟုတ်ဘူး၊ တတိယညီမ မင်းက တရားဝင်သမီးပဲ ၊ ညီမရဲ့ အဆင့်အတန်းကမြင့်တယ်  ၊ သူကတော့  ကိုယ်လုပ်တော်ရဲ့သမီးပဲ ၊ လူတိုင်း က သူ့ကိုယ်သူ မတန်တဆနဲ့ မျှော်မှန်းတယ်လို့ တွေးလိမ့်မယ်  ။ စတုတ္တညီမက  စီမာလင်းရန်ကို လှည့်ဖြားချင်လို့ လက်ထပ်ချင်တယ်လို့ပဲ ကောလောဟာလတွေ ထွက်လာလိမ့်မယ် ။ ဒီလိုဆို မို့အိမ်တော်က သမီးအားလုံး ရဲ့ ဂုဏ် သိက္ခာက မကောင်းဘူး ၊ ဒါပေမဲ့ တတိယညီမ မင်းကတေယ့ မတူဘူး ။ တတိယညီမ ၊ မင်း ဘယ်လို ထင်လဲ "

မို့ရွှမ်မင်က သူမကို ထောက်ထားစာနာပြီး ကြင်နာနေပုံရသည်။  သူမ၏အတိတ်ဘဝတွင် မို့ရွီတုန်းသည် သူမ၏ကြင်နာမှုမျက်နှာဖုံးအတုကြောင့် လှည့်စားခံခဲ့ရဖူးသည်။  သူမသေဆုံးပြီးနောက်မှာပင် မို့ရွှမ်မင်ကိုမုန်းတီးခဲ့သည်။

မို့ရွှီတုန်း၏ နှလုံးနာကျင်လာသည်။  သူမ၏လက်ချောင်းများသည် သူမ၏လက်ဖဝါးထဲသို့ ထိုးဖောက်ဝင်ရောက်ကာ အောက်ကိုငုံ့ကြည့်၍ သူမ၏မျက်လုံးများတွင် အမုန်းတရားများကို ဖုံးကွယ်ထားလေသည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now